Part (23)

700 42 7
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (23)

" သူဋ္ဌေး.. ဦးရဲခေါင် သူဋ္ဌေးကို ဆွဲချဖို့ ပြင်နေပါတယ်တဲ့ "

" ဒါကြောင့် အခုတလော ငြိမ်နေပါတယ် အောက်မေ့နေတာ.. ဒါ ပြင်နေရလို့လား "

" ဟုတ်ကဲ့.. "

" ဆက် စုံစမ်းထားပေး.. "

" ဟုတ်ကဲ့ "

လင်းခန့် တင်ပြတာကို နားထောင် ပြီးရင်ထဲ တစ်ခုခုကို လေးလံနေသလိုပါ..။

အချိန်မှီ တားနိုင်ဖို့ ကိုယ်လည်း အဖက်ဖက်က ပြင်ဆင်ထားပေမယ့် လွဲချော်သွားမှာ စိုးရသည်..

ချစ်ချစ် နဲ့ ကိုယ် ဆက်ဆံရေးများ သိနေရင် ချစ်ချစ် ကိုများ ထိဦးမလား လည်း စိုးထိတ်ရပြန်သည်..

ကိုယ် စိတ်ပူလွန်နေတာမျိုးလည်း ဖြစ်နိုင်တာမို့ စိတ်ကိုသာ ပြန်ဖြေလျှော့ထားရပေမယ့် ရင်ထဲတော့ အပူလုံးကြီး မကျသွား..။

မဖြစ်သေးပါဘူး လေ.. ဒီလို စိတ်မချမယ့်အတူတူ ချစ်ချစ် ကို အနား ခေါ်ထားတာပဲ ပိုကောင်းမည်

မဟုတ်ရင် အလုပ် သေချာ လုပ်နိုင်မည်လည်း မဟုတ် ။.

မာန်ဟုန် ချစ်ချစ် အခန်းဘက် ကူးခဲ့လိုက်သည်..

" ချစ်ချစ် "

" ဦး.. "

" ထ.. ကိုယ့်အခန်း သွားရအောင် "

" ဟင် ဘာဖြစ်လို့လဲ.. "

" ဒီအတိုင်း.. "

" ဟွန် "

" လာပါကွာ.. "

ချစ်ချစ် ရဲ့ ဖုန်းနဲ့အိတ်ကိုပဲ ဦးကယူပြီး ချစ်ချစ် လက်ကို ဆွဲခေါ်သွားပြန်သည်..

ဦး ဘာဖြစ်လို့ပါလိမ့်..။

အရင်နေ့ကလိုလည်း မဟုတ်ဘူး.. တစ်မျိုးကြီး ဖြစ်နေသလိုပဲ

ချစ်ချစ် ပဲ အထင်မှားနေတာလားတော့ မပြောတတ်...

" ဒီမှာ ထိုင် "

ဦးက ချစ်ချစ် ပခုံးကို အသာကိုင်ပြီး ဆိုဖာမှာ ထိုင်ခိုင်းကာ လှည့်ထွက်သွားဖို့ လုပ်နေတဲ့ ဦးလက်ကို ချစ်ချစ် ပြန်ဆွဲထားလိုက်သည်..

နှလုံးသား ပိုင်ရှင်မို့ Opowieści tętniące życiem. Odkryj je teraz