Part (3)

4.9K 211 0
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 3 )

အလင်းရောင် နဲ့ ကြယ်စင် တို့ရဲ့ ကိုယ်ပိုင် အိမ်လေးသို့ ပြန်လာကြသည်...။

အလင်းရောင် လည်း အိမ်ပြန်ရောက်တာနဲ့ ဆိုဖာပေါ် အားယုတ်ကာ ပစ်ထိုင်ချလိုက်သည်..

ကြယ်စင် လည်း တံခါးတွေ စစ်ကာ အိမ်ပေါ်တက်နားရန် လှေကားဆီ ဦးတည် သွားနေချိန်...

"..ဟေ့..နေဦး ပြောစရာစကားရှိလို့.."

"...ဟင်..ကြယ်စင် ကို ပြောနေတာလား..."

ဒီအိမ်မှာ ငါနဲ့သူ နှစ်ယောက် ပဲ နေတာ...ငါက သူ့မပြောလို့ ဘယ်သူ့ကို ပြောရမှာလဲ...
သူကပဲ ငါ့ကို မျက်လုံး ကြီးပြူ းပြီး ပြန်မေးနေသေးတယ်...

"..ဒီအိမ်မှာ မင်းနဲ့ငါ နှစ်ယောက်ပဲ ရှိတာ..ငါက ဘယ်သူ့ကို ပြောရမှာလဲ..."

ဟင်...ကြယ်စင့် နာမည် တောင် မခေါ်နိုင်လောက်အောင် ဖြစ်နေတာလား...ရောင် ရယ်...

"အင်း.."

အလင်းရောင် ထိုင်နေသော နှစ်ယောက် ထိုင် ဆိုဖာ မှာ ကြယ်စင် အနီးကပ် ထိုင်တော့..

"ဟေ့...ဟိုမှာ သွားထိုင် ဟိုမှာတွေလည်း ထိုင်ခုံ တွေရှိသားနဲ့...ဘာလို့ ဒီမှာ လာထိုင်နေတာလဲ..."

"...ရှင်..."

ကြယ်စင် အံ့သြ ကြည့်နဲ့ အလင်းရောင် ကို ကြည့်မိလိုက်သည်...။

အတူ မထိုင်နိုင်လောက်အောင်...ကြယ်စင် က ဘာတွေများ ချို့တဲ့နေလို့လဲ...ဘာတွေများ လိုအပ်နေလို့လဲ...ဘာတွေများ အမှား လုပ်မိလို့လဲ..

အဲ့လိုသာ အော်ဟစ် မေးလိုက်ချင်ပေမယ့်...

ကြယ်စင် မမေးဖြစ်လိုက်...။

တစ်ဖက်ခုံကိုသာ ပြောင်းထိုင်လိုက်သည်...။

အာ့...ဘာ အချိုးလဲ..

ဘာလို့ အဲ့အကြည့်နဲ့ ကြည့်တာလဲ....

"...ရောင်...ကြယ်စင့် ကို ပြောစရာရှိလို့ဆို..."

"...အွန်း..."

"...ပြောပါ..ကြယ်စင် နားထောင် နေပါတယ်.."

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now