Part (16)

4.8K 197 2
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 16 )

အလင်းရောင် မျက်စိ ရှေ့က ကြယ်စင် ကို ကြည့်မိတော့ ကိုယ့်အသံ ကို ကိုယ်ပြန်သတိထားမိသွားကာ....

"...မင်းတောင်းထားတာ မဟုတ်ဘူး လား..."

".ရှင်..."

ဘာလဲ...ဘာကို တောင်းဖူးလို့လဲ..ဘယ်တုန်းက တောင်းခဲ့ဖူးလို့လဲ...ဘယ်သူ့ကို တောင်းလို့လဲ...

ကြယ်စင် စိတ်ထဲ ယောက်ယက်ခတ် နေအောင် တွေးနေမိသည်...။

အခုမှ ဘာမှ မသိသလို လုပ်နေတာက တကယ်အတိုင်းပဲ....မင်း သရုပ်ဆောင် ကောင်းလှချည်လား~~~

"...ဒါ ကြယ်စင် မတောင်းဖူးဘူး...ဘယ်သူ့ဆီမှာ ကြယ်စင် တောင်းခဲ့ဖူးလို့လဲ..."

"...မင်း...ငါ့မိဘတွေဆီမှာ တောင်းခဲ့တာလေ..အခုမှမသိချင်ယောင် ဆောင်နေရတာလဲ..."

"...ဘာတွေပြောနေတာလဲ ကြယ်စင် တကယ်
မသိတာ...မသိတာကို မသိဘူးလို့ ပြောတာပါ...မသိချင်ယောင်ဆောင် နေတာလည်း မဟုတ်ပါဘူး...ကြယ်စင် ဘယ်သူ့ဆီမှာမှ ဘာမှ မတောင်းဖူးဘူး..."

"...အာ့ဆို ငါ့အဖေ က မင်းကို အဆက်အစပ် မရှိ ကားဝယ်ပေးလိုက်ရတာလဲ..."

"...အာ့ ကြယ်စင် ဘယ်သိမလဲ..."

"...မင်း အခုမှ ဘူး မခံနဲ့..."

"...ဘူး ခံနေရတာ မဟုတ်ရပါဘူး...ကြယ်စင် မသိလို့ မသိဘူး ပြောတာ...ကြယ်စင် ရောင့်မိဘတွေကို မနေ့ကမှ တွေ့တာ...အာ့လည်း ရောင်လည်း ရှိနေတာပဲ...အကုန်လုံး အတူ ထမင်းစားခဲ့ကြတာပဲ...ဘယ်မှာလဲ ကြယ်စင် ကား အကြောင်း ပြောခဲ့တာ.."

"...ဟ...မင်းနဲ့အမေ နှစ်ယောက်ထဲ ရှိတဲ့အချိန် မင်း ပြောမှာပေါ့..."

"...အဲ့လို ကြယ်စင် မပြောခဲ့ဘူး...မေမေနဲ့ သာကြောင်း မာကြောင်း လမ်းအကြောင်း ပန်းစိုက်တဲ့အကြောင်း ဒါတွေပဲ ကြယ်စင် တို့ ပြောခဲ့တာ..."

"...သွားစမ်းပါကွာ...မင်းရဲ့ အလိမ်အညာ တွေကို အ နေတဲ့ ကောင်ပဲ လက်ခံလိမ့်မယ်...ငါ လက်မခံဘူး...ပြီးတော့ မင်း ငါ့ကို ပြန်ပြောစရာ မလိုဘူး...မင်း ရောက်တဲ့ နေ့ကတည်းက ငါ့ကို တစ်ခွန်း ပြန်ပြောဖူးလား...ဘယ်ကအားတွေ ရလို့ မင်းက ပြန်ခံပြောနေတာလဲ..."

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now