Part (12)

4.6K 181 0
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 12 )

ကြယ်စင် မီးဖိုချောင် မှာ ချက်ပြုတ်ပြင်ဆင် နေတာနဲ့ အလင်းရောင် ကို သတိမထားမိ...။
အောက်ထပ်ကို ဆင်းလာလား ... မဆင်းလာလား...မသိ...။
အကုန်ပြင်ဆင် ပြီး နာရီ ကြည့်မိတော့ ၆နာရီ ထိုးနေပြီ...။

"...ကြယ်စင် ဘာရပ်လုပ်နေတာလဲ..."

"...ဟင် ကိုဖိုးခွား ပြန်လာပြီလား...ကားရပ်သံတောင် မကြားလိုက်ဘူး..."

"...လမ်းထိပ်မှာ ပဲ ချ ခိုင်းလို့ပါ...အလင်းရောင် ရော..."

"...ကြယ်စင် သူ့ကို သွားမကြည့်ရသေးဘူး...မီးဖိုချောင် မှာပဲ အလုပ်ရှုပ်နေတာနဲ့..."

အမှန်က...ကြယ်စင် အလင်းရောင် ကို မတွေ့ရဲလို့ မီးဖိုချောင် မှာပဲ ဂျောက်ချ နေ,နေတာလေ...။

"...အော်...သွားကြည့်ပေးလိုက်ပါဦးဗျာ...ဒီနေ့ သူ...စိတ်ရှုပ်နေ,နေမှာ..."

"...ဟို..ဒီနေ့...သူ ဘာတွေများ ဖြစ်ခဲ့လို့လဲဟင်..."

"...ဆိုင်ထဲမှာ အလုပ်လုပ်နေချိန် ခွက်ပုန်းချပြီး
မူးနေတဲ့လူကို...မသောက်ဖို့ တားတာကို...နားမထောင် လို့ပါ..."

ဖိုးခွား က...အကြောင်းစုံ ကို သူပြောပြဖို့ မသင့်တာနဲ့...ဖြစ်ပုံကိုပဲ ရှင်းပြ လိုက်တာပါ...။

"...အော်...ဟုတ်ကဲ့...ကျေးဇူး နော်...ထမင်းစားလို့ရပြီနော်...ခြေလက်ဆေးလိုက်ပါဦး..ကြယ်စင် ရောင့်ကို...သွားခေါ်လိုက်ဦးမယ်..."

"...အော်..."

ဒေါက်....ဒေါက်...ဒေါက်

"ရောင်...ရောင်..."

ဒေါက်...ဒေါက်...ဒေါက်

"...ရောင်..."

အခန်းထဲ မှ ပြန်ထူးသံ မကြားသည်နှင့်...တံခါးနား,နားကပ်ကာ...အထဲက အသံကို အာရုံစိုက် နားထောင် ကြည့်တော့...ဘာအသံမှ မကြားရ..
တံခါးလော့ခ်ကို လှည့်ကြည့်တော့...လော့ခ် မချထား...။
တံခါးကို အသာလေးဖွင့်ကာ..အခန်းထဲ ဝင်သွားလိုက်တော့ တစ်ခန်းလုံး မှောင်မဲနေသည် နှင့်...လက်ဖြင့် နံရံ ကို စမ်းပြီး...မီးဖွင့်လိုက်သည်...။
ခုတင်ပေါ်မှာဘ သူက... ရင်ဘတ်ပေါ် လက်တင်ပြီး...အိပ်ပျော် နေလေလျက်...။
ကြယ်စင်လည်း သူ့အနား ကို လျှောက်သွားကာ နှိုးမယ် လုပ်တော့..သူက မျက်ခုံးနှစ်ဖက်က နီးကပ်နေသည်ထိ ကျံ ု့ထားနေတော့...ကြယ်စင် သူ့မျက်ခုံး နှစ်ဖက် ကြား ထဲကို လက်ညို းလေး ထောက်ကြည့်မိတော့....

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now