Part (13)

4.5K 191 0
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 13 )

ဒေါ်ခင်ထား နဲ့ ကြယ်စင် (...........)ဆိုင် သို့ရောက်တော့~~~

"...မေမေ့...ဒီမှာ..."

"...နေ့လည်စာ မစားရသေးဘူး မလား...လာ...သွားစားရအောင်...."

"...ဟုတ်..."

နှစ်ယောက်သား ကားပေါ်မှ ဆင်းပြီး...ဆိုင်ထဲ ဝင်မည်အလုပ်...မျက်ဝန်းထောင့်စွန်းကနေ မြင်နေရသော အရာက....ရင်းနှီး သလိုဖြစ်နေတော့...လှည့်ကြည့်မိလိုက်သည်....။

ဟင်.....

ရောင်.....

ဟုတ်ပါသည်....ရှေ့မျက်နှာချင်းဆိုင်ကနေ.   တ ဖြေးဖြေး လျှောက်လာသူက
အလင်းရောင် မှ အလင်းရောင် စစ်စစ်....ဘေးနားမှာ ဖေဖေ မြင့်ဆွေလည်း ပါလာပါသည်...။
ကြယ်စင် ဒေါ်ခင်ထား ကို လှည့် ကြည့်တော့...သူလည်း တွေ့ဟန် ပေါ်ပါသည်....။
သူကတော့...ပြုံ းနေလို့...။

"...မေမေ...ဖေဖေတို့လည်း ဒီလာပြီး စားမယ်ထင်တယ်နော်..."

"...ဟုတ်တယ်လေ...မေမေ ချိန်းထားတာ...."

ကြယ်စင်...သိနေသည်...။
ဒါ သပ်သပ် ကြယ်စင် တို့ကို တွေ့ရအောင် စီစဉ်ထားပေးခြင်းဆိုတာ....။
ကြယ်စင့် အဖြစ်ကလည်း...ကိုယ်လက်ထပ်ယူထားတဲ့ ကိုယ့် ကာမပိုင်လင်ယောကျာ်း ကို တွေ့ဖို့...မိဘ တွေက ချိန်းပေးနေရသည့်အဖြစ်...။ သူနဲ့လည်း မျက်နှာချင်း မဆိုင်ဖြစ်ခဲ့တာ ၁ပတ်လောက်ရှိပြီထင်သည်...။မျက်နှာချင်း ဆိုင်ဖြစ်ရင်တောင် မျက်လုံး အကြည့် မစုံဖြစ်အောင် နေသည်လေ...။
ကြယ်စင် က လည်း...သူရှောင်ဖယ် ရှောင်ဖယ် လုပ်နေတော့ အလိုက်တသိ ဖြင့် ခပ်ခွာခွာ နေပေးခဲ့တာ ဒီနေ့မှ သူ့ခွင့်ပြုချက် မရှိဘဲ အချိန်အကြာကြီး ကြည့်နေမိသည်...။

ကိုယ့်ငါးချဉ် ကိုယ်ချ ဉ် ပြောလည်း...ခံရပါမည်...
ရောင် က တနေ့တခြား ကြည့်လေ ကြည့်လေ ပိုချော...ပိုခန့်လာသည်...။
အရပ်ကလည်း ၅ပေ၈လက်မလောက် ရှိမည်...
အသားအရည် ကလည်း မိန်းကလေး တွေထက် ကြည်လင်ကာ လှနေသည်....။
ဆံပင်ကို သပ်သပ်ခတ်ခတ် ဖြီးထားတော့...ပုံကျနေသည်...။
စတိုင်ကျကျ ဝတ်တတ်စားတတ်နေတော့လည်း...သူ့နား မိန်းကလေး တွေလည်း ဝန်းရံနေမှာပဲ...။ကိုယ်တောင် ငယ်ငယ်ကတည်းက သူ ခုလို မပြင်မဆင်လည်း ခိုးကြိုက်ခဲ့ရတာ မဟုတ်လား...။သူ မသိပေမယ့် လေ.......
နှစ်တွေ ဘယ်လောက်ကြာကြာ...သူ့ကိုပဲ နှလုံးသား မှာ ရှိနေတာ....သူ့ကို နှင်ထုတ်လို့ မရတော့တဲ့ထိ...။
ကြယ်စင့် ကို ဘာတွေများ...ဘယ်လို လှည့်စားထားလဲ မသိ.....

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now