Part (9)

4.2K 193 0
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 9 )

ကြယ်စင် တစ်ယောက် အတွေးတွေနဲ့ ဗြာ များနေသည်..

လမ်းရောက်မှ တွေ့တဲ့သူကို မေးမည် လုပ်ပေမယ့် ဘယ်လမ်းကို စ သွားရမလဲ...ကြယ်စင် မသိ...

မေမေခင်ထား  ကိုသာ   ဖုန်းဆက်     လှမ်းမေးရတော့မည်လေ...

တီ....တီ...တီ

"...ဟဲလို..."

တစ်ဖက်က မေမေ့ အသံကြားတော့...ကြယ်စင်
အားငယ်စိတ်ကြောင့် ငိုချင်နေမိ၍ ဒေါ်ခင်ထား
ရဲ့ 'ဟဲလို' ကို တန်းပြန်မထူးဘဲ ပါးစပ် ကို အသာ ပိတ်ကာ ကျနေသော မျက်ရည် တွေကို သုတ်ပစ်ပြီးမှ....

"...ဟဲလို .."

"ဟဲ့...သမီး ဘာဖြစ်လို့လဲ...မေမေက ဖုန်းဆက်ပြီး သမီး အသံမကြားတော့...ဘာများဖြစ်နေတာလဲ ပေါ့..."

"ဘာမှမဖြစ်ပါဘူး...မေမေရဲ့...သမီးက မေမေ ဖုန်းမကိုင်သေးဘူးဆိုပြီး နေနေတာ...မေမေ ဖုန်းကိုင်လိုက်မှန်းကိုတောင်...သမီး မသိလိုက်ဘူး..."

"ဟင်း...ဟင်း...ငါ့သမီးလေး ကတော့..."

"..ဟီး...ဟီး..."

ကြယ်စင် အတတ်နိုင်ဆုံး ပြုံးရယ်နေလိုက်သည်

"သမီး...မေမေတို့ကို လွမ်းနေလို့လား...ဟွန်...သမီးရယ်...တစ်ရက်တောင် မရှိသေးဘူး...လွမ်းနေပြီလား....ဟွန်..."

"...ဟုတ်တယ် မေမေရဲ့...လွမ်းလည်းလွမ်းလို့
ဟီးဟီး...ပြီးတော့ စပ်စုချင်လေးတာလေးတွေလည်း ရှိတာနဲ့..."

"...ဖြစ်ရမယ်...သမီးရယ်...ကဲ ပြော...ဘာအကြောင်း ကို စပ်စုချင်တာလဲ..."

"အော်...ဟို...ဒီမှာလေ လိုင်းကားတွေ မရှိဘူးလားလို့..."

"...အော်...သမီးကလည်း ဘာလို့မရှိရမှာလဲ...ရှိတာပေါ့...သမီးရဲ့...သမီးက ဘာဖြစ်လို့ မေးတာလဲ..."

"အော်...သမီး ဇာတ်ကား ကြည့်နေတာ..မင်းသမီး လေးက လိုင်းကားပတ်စီးပြီး မြို့ကို လျှောက်လည် နေတာ...အာ့ အားကျလို့ မေမေရဲ့..."

ကြယ်စင် မကြည့်ရတဲ့ ဇာတ်ကား ထဲက မသိတဲ့ ဇာတ်ကောင် တွေကို ကိုယ့်ဘာသာ ဇာတ်ဖွဲ့ လိုက်ပြီး ဖောလျှော သောလျှော လျှောက်ပြောလိုက်မိသည်....

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now