Part (17)

4.9K 195 2
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 17 )

တီ...တီ...တီ

နာရီ နှိုးစက်ကတော့ အချိန်မှန် နှိုးနေပြီလေ...

အလင်းရောင် မျက်လုံး မှေးမှေးလေး ဖွင့်ကာ လက်တစ်ဖက်ဖြင့် နာရီ နှိုးစက်ကို ပိတ်လိုက်သည်...။

လက်တစ်ဖက်ကတော့...ဇနီး ဖြစ်သူ ကြယ်စင် ကိုယ်လေးကို သူ့ရင်ခွင်ထဲမှာ ဆွဲယူထွေးပွေ့သိမ်းပိုက်ထားသည်လေ~~~

မှေးကပ်နေသော သူမ မျက်တောင်လေးတွေကို အလင်းရောင် လက်ဖြင့် တို့ထိ လိုက်သပ်ကစား
နေမိသည်...
ပကတိ ရှင်းလင်း နေသော သူမလေး၏ မျက်နှာ..
ဖြောင့်စင်း သွယ်လျနေသော သူမ နှာတံ...
ခြောက်သွေ့ ပြီး အရောင် လွင့်ပြယ် နေသော သူမ နှုတ်ခမ်း လွှာ လေးကတော့...အကွေ့အကောက် အဖူးအငုံ လေး ပြေပြေပြစ်ပြစ် ကွေးညွှတ် နေပုံလေးကို အပိုင် သိမ်းပိုက်ချင်သော...
စိတ် က ပေါ်ပေါက်နေသည်မို့...စိတ်ကို ထိန်းကာ ကုတင် မှ အမြန် ထလိုက်ရသည်...။

ဟူး~~~

"...ငါ...ဘာဖြစ်နေတာပါလိမ့်..."

အလင်းရောင် ဂုတ်ကို လက်ဖြင့် ပွတ်သပ်နေမိသည်...။

သူမ မျက်နှာ လေးကို ငေးကြည့်နေမိတာ...အသက်ရှူ ဖို့ မေ့နေလား...အောက်မေ့ရသည်...။

သူ ရေချိုးခန်း ထဲဝင်...ပုံမှန် လုပ်နေကျ အတိုင်း လုပ်ပြီး ရေချိုးခန်းမှ ထွက်ခဲ့သည်...။

သူမလေးကတော့ အခုထိ မလှုပ်မယှက်....

ဗီဒို တံခါး ဖွင့်သံ~~
ခုံပေါ် ကို တစ်ခုခု ကျသံ~~
ဘူး တွေ ဖွင့်နေသံ~~
မျက်လုံး မှိတ်နေပေမယ့်...မျက်ဝန်း အိမ်မှာ အရိပ်မဲ တစ်ခု လေးကို ခဏခဏ ဖြတ် ဖြတ် လျှောက်နေတာ ခံစား မိနေသည်နှင့်...ကြယ်စင် မျက်လုံး လေး ဖွင့်ကြည့်မိသည်...။

...ရောင်...

ဟုတ်ပါသည်...ရောင်မှ ရောင် အစစ်ပါ...

သူ...ကြယ်စင့် အခန်းထဲ ရောက်နေတာလား....

သူမ ရောက်နေသော ကုတင်...
သူမ ခြုံ ထားသော စောင်...
သူမ လှဲအိပ်နေသော...ခေါင်းအုံး...

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now