Part (14)

4.5K 195 1
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 14 )

မနက်စာ စားပွဲ တွင်~~~

"...ကိုဖိုးခြား..."

"..ခင်ဗျ..."

"...အခု အိမ်မှာပဲ...လွတ်လွတ်လပ်လပ် ပြောပါဗျ..."

"...အခုလိုပဲ ကောင်းပါတရ်...အလုပ်ကျ ရင်းရင်းနှီးနှီး ပြောမိမှာစိုးတယ်ဗျ...အခုကတည်းက အကျင့်လုပ်ထားတာ ကောင်းပါတရ်...."

"...ကိုဖိုးခွား သဘောပါ..."

"...ဟုတ်..."

"...အလင်းရောင် ကျွန်တော့်ကို.. ဘာပြောမလို့
လဲ..."

"...အော်...ကျွန်တော် ပြောမှာက နေ့လည် ကျရင် သူ့ကို ကြို ပေးပါဦး..."

"...ကြယ်စင် ကိုလား..."

"...အွန်း.."

"...ဘယ်ကို ပို့ပေးရမလဲ...ဘယ်အချိန်လောက်
လာကြို ပေးရမလဲ..."

"...နေ့လည် သူက ဆိုက်ကို ထမင်းချိုင့် လာပို့မှာ...နေ့လည် စာ စားချိန်ဆိုတော့ ၁၁ခွဲလောက် သူ့လာခေါ်လိုက်...နေ့လည် ကျ ကျွန်တော့်
အလုပ်နဲ့ ရှုပ်နေတော့ ကိုဖိုးခွား ကို ပြောဖို့ မေ့နေမှာ စိုးလို့..."

"...အော်...ဟုတ်ကဲ့...လာခေါ်လိုက်မယ်..."

ဖိုးခွား နှင့် အလင်းရောင် မနက်စာ စားပြီး အလုပ်သွားဖို့ ပြင်ဆင်ကာ...ဖိုးခွား က ကားဆီ အရင်လျှောက်သွားသည်...။

"...နေ့လည် မင်းကို..ကိုဖိုးခွား လာကြို လိမ့်မယ်...ငါ ပြောထားပြီးပြီ..."

"...ဘယ်ချိန်လောက် လာကြို မယ် ပြောလဲ...
ကြယ်စင် အဆင်သင့် ပြင်ထားရအောင်ပါ..."

"...၁၁ ခွဲ လာခေါ်လိမ့်မယ်..."

"...အွန်း.."

"...ငါသွားပြီ..."

"...ဟင်...အင်း..."

.

ကြယ်စင် ထမင်းဟင်းတွေ ချက်ပြုတ် ပြင်ဆင်ပြီး ရေချိုး သနပ်ခါး လိမ်း....အဝတ်စားလဲနေချိန်...အောက်ထပ်က ကားဟွန်းတီးသံ ကြားနေရပြီ...။

မြန်မြန် ဆန်ဆန်လေး ပြင်ဆင်ပြီး..ချိ ု င့်.. ရေသန့်ဗူး . ဖန်ခွက် . လက်သုတ်ပဝါ . ပန်းကန် ချပ်   တွေကို အစီအရီ ခြင်း တောင်းထဲသို့ ထည့်လိုက်သည်...။
တံခါးတွေ ပိတ် . ခြင်းတောင်း လေးဆွဲကာ...
ကားဆီသို့ အမြန်လျှောက်သွားလိုက်သည်...။

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now