Part (6)

4.4K 191 0
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 6 )

ကြယ်စင် မျက်နှာသစ် သွားတိုက် ရေကိုဗျာကာ ( ဗျာကာ = အမြန် ) ချိုးကာ အောက်ထပ်သို့ ဆင်းလာသည်....

"...ဟော...သမီး... လာ breakfast စားရအောင်"

"....ဟုတ်..."

"...သမီး...အိပ်ယာထ နောက်ကျ လှချည်လား...သမီးက အိမ်ရှင်မ ဖြစ်နေပြီလေ... စောစော ထရမယ်လေ...သမီး..."

"...ဟုတ်..မေမေ..."

"...သိဂီ င်္ရယ်...သမီး ကို အဲ့လောက် မထိန်းချုပ်ပါနဲ့...သမီး သူ့ဘာသာ အချိန်တန်ရင် တတ်မှာပေါ့..သမီး စားနော်..."

"...ဟုတ်...ဒါနဲ့လေ သမီး အခုထိ လှေစီးနေသလို ပဲ ...  အခု ထိုင်နေတာတောင်...လှေစီးနေသလို ပဲ...မေမေတို့ရော မဖြစ်ဘူးလား..သမီး စိတ်ထင်ပဲ ဖြစ်နေတာလား..."

"...မေမေတို့လည်း ဖြစ်ပါတယ်...အာ့ လှိုင်းမူးတာလေ..."

"...အော်...ခ်ခ်...သမီး ပဲ ဖြစ်နေတာ ဆိုပြီး...လန့်နေတာ...အခုမှ စိတ်အေးရပြီ..."

ဒီ အရူးနဲ့တော့~~~

"...​သမီး..."

"...ရှင်...ဖေ.."

"...အဖေ တို့ ဒီနေ့ ပြန်မယ်...သမီး..."

"...ရှင်...ပြောတော့ ၂ရက် ၃ရက် နေဦးမှာဆို..."

"....ဟုတ်တယ်...ဒါပေမယ့် ဟိုက အလုပ်က အဖေ ပြန်ရှင်းရမယ့် ကိစ္စ ဖြစ်နေလို့..အဖေ တို့ ပြန်ရမယ်..."

"...ဟုတ်ကဲ့...ဘယ်ချိန် ပြန်ကြမလဲ..."

"...စားပြီးရင် ပြန်တော့မယ်..."

"...ရှင်..."

ကြယ်စင် ၏ စိတ်ထဲ...ဝမ်းနည်းမှုက မပြောမဆို ဝင်ရောက်လာပြန်သည်...
အခု မိဘ တွေနဲ့ တကယ်ပဲ ခွဲရမည်လေ...
ကြယ်စင် က မိဘ တွေနဲ့ ဆိုင်ပဲ ဆိုင်တော့သည်က အခု အခြေအနေ က သက်သေ ပြလိုက်ပြီလေ...

တကယ်ပဲ ကြယ်စင် အိမ်ထောင် ကျ ပြီ..
တကယ်ပဲ ကြယ်စင် အိမ်ရှင်မ ဖြစ်နေပြီ...
အမှန်တကယ် ပဲ...ဖြစ်နေပြီ..
အိပ်မက် မဟုတ်....

ကြယ်စင် ကိုယ့်ကိုယ်ကို တောင် မသိလိုက်ဘဲ မျက်ရည် တွေက စီးကျလာသည် လေ...

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now