BLUE SIDE (Ep 3)

5.7K 677 10
                                    

Jungkook တစ်ယောက် သူ့Hyung တွေကို အာကျယ်ထားသော ကိစ္စမှာ သူထင်သလောက်မလွယ်ကူမှန်း တဖြေးဖြေးရိပ်မိလာ၏......

သူ CEO Jimin ကိုတွေ့နိုင်ဖို့ရန်ကြိုးစားကာ "Lachibolala" Company တွင် သွားသွား စောင့်နေရသည်မှာ ယနေ့နဲ့ဆို ၄ရက်မြောက် ရှိတော့မည်ဖြစ်သည်..

သူ့ Project အတွက် Sponsor ပေးဖို့ ဆွေးနွေးနိုင်ဖို့နေနေသာသာ CEO Park Jimin ၏ အရိပ်အယောင်လေးတောင်မတွေ့ရပဲ  Company အဝင်ဝက ဧည့်သည်တွေစောင့်တဲ့ ခုံပေါ်မှာသာ အချိန်ကုန်ခဲ့ရတာ ၃ရက်တိတိ...

Reception ကိုမေးတော့လဲ ဒီလိုမျိူးတွေ့ချင်တိုင်းတွေ့လို့မရကြောင်း Appointment ယူရမည်ဖြစ်ကြောင်း , ဒါတောင် CEO ကအချိန်ပေးပီး လက်ခံမှသာတွေ့လို့ရကြောင်းကို သူ့လို လွယ်အိတ်တစ်လုံးနဲ့ စိတ်အားထက်သန်ပီး တက်ကြွတဲ့စိတ်တစ်ခုသာ ပိုင်ဆိုင်တဲ့ လူငယ်လေးကို အကြိမ်ကြိမ် ရှင်းပြနေခဲ့သည်မှာ တခမ်းတနား.........

ရုံးတက်ချိန်မှအစ  ရုံးဆင်းချိန်ထိ   ၃ရက်တိတိ တစ်နေကုန်တစ်နေခမ်း  ထိုင်စောင့်ကာ  သူတင်ပြချင်တဲ့ project document စာရွက်ကိုအကြိမ်ကြိမ်အခါခါစစ်လိုက် Laptop တစ်လုံးနှင့် ကျန်သည့်အလုပ်ကိစ္စတွေထိုင်လုပ်လိုက် နှင့် ကြာတော့ ဒီCompanyက ခန့်ထားသော ဝန်ထမ်း ဟုပင် ထင်ချင်စရာ............

Project အတွက်အချိန်ကလဲ သိပ်မရတာရယ် , သူ့ Hyung တွေကို သူကအငယ်ဆုံးပေမဲ့ ပြောတာကိုဖြစ်အောင်လုပ်နိုင်တဲ့သူ အဖြစ်လဲ မြင်စေချင်တာကြောင့် ဒီနေ့တော့ မဖြစ် ဖြစ်တဲ့နည်းနဲ့  သေချာပေါက်တွေ့အောင်ကြိုးစားမည်ဟု စိတ်ပိုင်းဖြတ်ကာ "Lachibolala" Company သို့ထွက်လာခဲ့သည်....................
****************************

ဇွဲ လုံ့လ နဲ့ ဝီရိယ သာရှိလျှင် ဘယ်အလုပ်မဆို အောင်မြင်နိုင်သည်ဆိုသည့် စကားက ဒီနေ့တော့  Jungkook အတွက်ပင် ဖြစ်လိမ့်မည်.......

အဘယ်ကြောင့်ဆိုသော်  Jungkook တစ်ယောက် Companyထဲကို ရောက်ရောက်ခြင်း  သူထိုင်နေကြခုံလေးပေါ် ထိုင်မယ်ကြံကာ ရှိသေး  Company ထဲက ဝန်ထမ်းများ လှုပ်လှုပ်ရှားရှားဖြစ်ကာ  Security များကလဲ Company အဝင်ပေါက်ဝတွင် သတိအနေအထားဖြင့် အသီးသီးနေရာယူနေကြပီး....  နောက်ဆုံးပေါ် ကားအမဲ ကြီးများ ဆက်တိုက်ဆိုသလို စီတန်းကာ ဝင်ချလာခြင်းကြောင့် CEO Park Jimin ရောက်လာပီ ဆိုတာ ဘယ်သူမှမပြောလဲ Jungkook တစ်ယောက်ရိပ်မိပါသည်.....

BLUE SIDEWhere stories live. Discover now