BLUE SIDE (Ep 17)

4.6K 535 42
                                    

JiMin - ဒီနေ့ ဘာလုပ်ချင်လဲ ဘယ်သွားချင်လဲ...

JK - ဟင် တကယ်လား Hyung....ထူးထူးဆန်းဆန်းပါလား....

JiMin - မသွားချင်လို့လား....မသွားချင်လဲရတယ်လေ အိမ်ပဲပြန်မယ်....

JK - အာ Hyung .....မဟုတ်ဘူး သွားမယ် သွားမယ် စဥ်းစားလိုက်ဦးမယ်...ဟီးးးး

အမလေး မူလို့တောင်မရဘူး ဒီ hyung ဆိုသည်မှာ....

Jungkook ခဏအကြာစဥ်းစားပြီးနောက်...

JK - Hyung...clubသွားရအောင်....

JiMin - အင်း သွားလေ....

JK - Yoongi hyung တို့ရော Jin hyung တို့အတွဲရော Taehyung hyungကော ခေါ်ပြီးတော့....

JiMin - ဘာလို့ခေါ်မှာလဲ ရှုပ်တယ်

JK - အမှန်အတိုင်းပြောရရင် Hyungကို Yoongi hyungတို့နဲ့ ရင်းနှီးစေချင်တယ်..ကျွန်တော့မှာ အုပ်ထိန်းသူဆိုလို့ ဒီ hyung၂ယောက်ပဲ ရှိတော့တာမို့....

JiMinအနည်းငယ်တော့ တွေဝေသွားရသည်...ဒီလိုတွေးကြည့်တော့လဲ ဟုတ်ပါတယ်လေ...ချာတိတ်အတွက် အုပ်ထိန်းသူလိုဖြစ်နေတဲ့ သူ၂ယောက်ကို ရင်းနှီးဖို့တော့လိုတာပေါ့...

JiMin - ကိုယ်သိပါပြီ...ခေါ်ခဲ့လေနော်....ကိုယ်လဲ Jinတို့ကိုဖုန်းဆက်ပေးထားမယ်..Taeကတော့ နောက်ကျလောက်တယ် ဒီနေ့ Dinnerရှိတော့ သူအဲ့တာပြီးမှ လာလောက်တယ်...

JK - ဟီးးးး ဟုတ်...ဒါဆို အိမ်ပဲမောင်းနော် Hyung ...ရေချိုးပြီး နည်းနည်းရွိုင်းရဦးမယ်...

JiMin - အဟားးး ဟုတ်ပါပြီ....(ခေါင်းလေးကို လှမ်းဖွလျှက်).....

ညနေ ၆နာရီ.....

Club က ညနာရီ၁၀ သိုမဟုတ် ၁၁နာရီလောက်မှ ဝင်လို့ကောင်းတာဆိုပေမယ့် သူတို့ ၆နာရီထဲက လူစုရန်စီစဥ်လိုက်ကြသည်....Barတစ်ခုခုအရင်သွားပြီးမှ clubကိုပြောင်းဖို့ ဆုံးဖြတ်ထားကြတာမို့....လူစုဖို့ ခြံထဲမှာပဲချိန်းထားကြတော့ NamJoon နဲ့ Jin တို့အတွဲ ရောက်နှင့်လေပြီ....ထွက်မလာသေးတဲ့ မင်းသားတွေကို စိတ်မရှည်စွာ အော်ခေါ်လျှက်....

Jin - ထွက်လာကြပါတော့ဟ ဟိုဘက်အိမ်အဖြူကမင်းသားတွေကော ဒီအိမ်မကြီးက မင်းသားတစ်ပါးကော....

BLUE SIDEWhere stories live. Discover now