BLUE SIDE (Ep 22)

3.7K 450 29
                                    

JK - Ella-shi....Min Yoongi hyung နဲ့ Jung HoSeok hyungတို့ပြန်သွားပြီလား...

Ella ဆေးရုံအခန်းထဲပြန်ဝင်လာနဲ့ ထိုမေးခွန်းမေးတဲ့ JungKookရဲ့ အနားသွားကာ တင်းကြပ်စွာဖတ်ထားလိုက်ပြီး စိတ်ထဲမှ..

" Ella တောင်းပန်ပါတယ် ဆရာ....Ella ကိုခွင့်လွှတ်ပါ...Ella အခုလိုလုပ်တယ်ဆိုတာကလဲ ဆရာ့ကိုချစ်လွန်းလို့ပါ".....

JK - Ella-shi ဘာဖြစ်လာတာလဲ...

ဖက်ထားရာမှခွာလိုက်ပြီးနောက်....

JK - ဟင် ငိုနေတယ်....ဘာဖြစ်လို့လဲ ကျွန်တော့ကြောင့်လား....

Ella က ခေါင်းခါပြလေတယ်....JungKook စိတ်ထဲမှာလဲ "အော် Ella-shi ကငါ့ကိုတော်တော်ချစ်တဲ့ပုံပဲ သူ့ကို ငါမမှတ်မိရင်တောင် ကောင်းကောင်းမွန်မွန်တော့ဆက်ဆံပေးသင့်ပါတယ်"လို့တွေးရင်း ငိုနေတဲ့ Ellaရဲ့ခေါင်းလေးကို ပွတ်ကာ....

JK - မငိုပါနဲ့တော့နော်....ကျွန်တော်မမှတ်မိပေမယ့် ကျွန်တော်ကြိုးစားပါ့မယ် အဲ့အချိန်ထိကျွန်တော့နားမှာနေပေးမယ်မဟုတ်လား....

Ella ကငိုရင်းက ခေါင်းညိတ်ပြလေတယ်...

***************************************
Tae - Hyung ဘာဖြစ်နေတာလဲ ခုနက meeting room ထဲမှာလဲ share ရှင်တွေ ခဏခဏပြန်ပြောရတယ်....Hyung စိတ်တွေဘယ်ရောက်နေတာလဲ....

JiMin - Tae-ah ချာတိတ်ပျောက်နေတယ်....ငါဖုန်းဆက်တာလဲ မကိုင်ဘူး ညထဲကထွက်သွားတာတဲ့ အခုအချိန်ထိငါ့ကိုမဆက်သွယ်သေးဘူး...

Tae - ဟင်....ပြိုင်ပွဲနီးလာလို့ အလုပ်ရှူပ်နေလို့နေမှာပေါ့ Hyungကလဲ....ညနေကြရင် ကျောင်းသွားကြိုကြည့်လိုက်ပေါ့....

Tae ရဲ့ စကားအတိုင်းမို့သာ ငြိမ်ခံလိုက်ရတယ် စိတ်ရှိအတိုင်းသာဆိုရင်တော့ အခုချက်ချင်းပင်သွားရှာချင်မိသည်....မင်း ဘယ်ရောက်နေတာလဲ ချာတိတ်လေးရာ .....

***************************************

ညနေ ၄နာရီလောက်ကြတော့ JiMin ကျောင်းသို့စောစီးစွာထွက်ခဲ့လိုက်သည်....လက်ကလဲ ဖုန်းဆက်တာမပျက် ကျောင်းတပတ်ဟိုရှာကြည့်ဒီရှာကြည့်လုပ်နေရသေးသည်...Dr John ကိုမေးကြည့်တော့လဲ ကျောင်းမလာဘူးထင်တယ် မတွေ့မိဘူးတဲ့...နားနေခန်းရော စာသင်ခန်းပါမကျန်လိုက်ရှာဖြစ်ခဲ့သည် သို့သော် ဘယ်လိုမှရှာမတွေ့ ....ရင်တွေလဲပူလာသည်....

BLUE SIDEWhere stories live. Discover now