BLUE SIDE (Ep 12)

5.1K 561 17
                                    

အစည်းအဝေးပြီးသွားတော့ JiMin ရုံးခန်းထဲမှာ တယောက်ထဲကျန်ခဲ့လေတယ်...စကားအများကြီးပြောလိုက်ရတဲ့အတွက် ပင်ပန်းသလိုရှိတာကြောင့် နက်တိုင်လေးကို အနည်းငယ်ဆွဲချကာ ဆိုဖာပေါ်မှာသာ မျက်လုံးမှိတ်ကာ မှီထားရင်း....

ဒေါက် ဒေါက်

JiMin - ဝင်ခဲ့...

Tae - Hyung ဧည့်သည်တွေပြန်သွားပြီ

JiMin - အင်း....

Tae က အခန်းထဲကထွက်မသွားသေးပဲ တခုခုပြောချင်နေတဲ့ပုံပေါက်တာကြောင့်..

JiMin - ပြောစရာရှိလို့လား....

Tae -ဟိုဟာ JungKook.....

ဟုတ်သားပဲ သူမေ့နေခဲ့တာ...ချာတိတ်ကို...

JiMin - သူအခုဘယ်မှာလဲ ပြန်သွားပြီလား...

Tae - မပြန်သေးဘူး Hyung ကျွန်တော့ ရုံးခန်းထဲမှာခေါ်ထားတယ်...

JiMin - အင်း တော်သေးတာပေါ့ ကျေးဇူးပဲ Tae-ah...ညနေဘာလုပ်စရာရှိသေးလဲ...

Tae - လက်မှတ်ထိုးစရာတစ်ခုနဲ့ Dinner...

JiMin - ရှိလဲဖျက်လိုက်တော့...Hyung ပြန်နှင့်တော့မယ်...

Tae - ဟုတ်ကဲ့ Hyung...ဒါနဲ့လေ JungKook အရမ်းစိတ်မကောင်းဖြစ်သွားတယ်ထင်တယ်...

JiMin - အင်း အဲ့တာကြောင့် သူနဲ့ အပြင်သွားမလို့...အလုပ်ကိစ္စတွေမင်းပဲကြည့်လုပ်ထားလိုက်ပါ

JiMin လဲ အပေါ်ထပ်အကျီယူကာ Taeရဲ့ ရုံးခန်းသို့ထွက်လာခဲ့လိုက်တယ်...ရုံးခန်းထဲရောက်တော့ ဆိုဖာပေါ်မှာ ဒူးတုပ်ကာ ခေါင်းလေးမှောက်အိပ်ပျော်နေတဲ့ ချာတိတ်လေး....ငိုထားလို့လားမသိ နှာခေါင်းလေးကလဲ နီရဲလို့...မျက်တောင်လေးတွေမှာလဲ မျက်ရည်စလေးများက တွယ်ကပ်တုန်း....တချက်ချက်ရှိုက်သံလေးများကလဲ ထွက်တုန်းဆိုတော့...JiMin မြင်ရတာစိတ်မကောင်းဖြစ်မိသည်....

JiMin - ချာတိတ် ချာတိတ်....

JungKook - ဟင် ...Hyung....

JiMin - အိပ်ပျော်နေတာလား ဗိုက်ဆာပြီလား

JungKook - Hyung ကျွန်တော် ခုနကတောင်းပန်ပါတယ်နော်....ဧည့်သည်တွေရှိမှန်းမသိလိုက်လို့ပါ.....

BLUE SIDEWhere stories live. Discover now