Park TaeHyung ❤️ Jung HoSeok
WEDDING
အရက်ကြောင့်ဖြစ်တည်လာတဲ့ ဆက်နွယ်မှုလေး တစ်ခု....တစ်ယောက်နဲ့ တစ်ယောက်ချစ်တာလား မချစ်တာလား မသေချာပေမယ့် အခုအချိန်မှာ ခန်းမထဲက သတို့သားလေး၂ယောက်ရဲ့အပြုံးတွေက အတောက်ပဆုံးပါပဲ..... သိပ်ကိုလှပပါတယ်....အဲ့လိုပဲ ဖူးစာဆိုတာကလဲနော် သိပ်ကိုဆန်းကြယ်လွန်းတယ်......ဘယ်လိုမှဆက်စပ်မှုမရှိတဲ့သူစိမ်း၂ယောက်ဟာလဲ နေ့ချင်းညချင်း အရင်းနှီးဆုံးဘဝရောက်ရတာပဲ .....အချစ်စစ်လေးတောင် အစစ်ပါလိုက်သေး....ကာယကံရှင် ၂ယောက်မသိပေမယ့်ပေါ့......
***************************************
မင်္ဂလာပွဲပြီးပြီးချင်းမှာ ကားလေးစီးကာ လေဆိပ်သို့ ဟန်းနီးမွန်း အတွက် ပျော်ရွှင်စွာထွက်သွားတဲ့ သတို့သားလေး၂ယောက်ကို Hotel ရှေ့ထိလိုက်ပို့လိုက်ကြသည်....ထို့နောက်အကုန်လုံးလဲ ပင်ပန်းနေသဖြင့် လမ်းခွဲကာ အိမ်သို့ပြန်လာကြတော့သည်....Jin နဲ့ Namjoon တို့ကလဲ သူတို့အိမ်သူတို့ပြန်သွားပြီး JiMin နဲ့ JungKook က တစ်စီး Yoongi ကတစ်စီးသက်သက်ပြန်လာခဲ့ကြသည်..
အိမ်ဖြူလေးရှေ့ရောက်တော့
JiMin - ဝင်တော့ နားလိုက်ဦး ချာတိတ်.....ညနေကြမှ ကိုယ်လာခေါ်မယ်....
JK - ဟင် ဘယ်သွားမလို့လဲ Hyung ရဲ့...
JiMin - အင်းးးးး ဘယ်မှမသွားဘူး .....ဟို ဟာ....
JK - Hyung ပြောလေ ဘယ်သွားမလို့လဲလို့....
JiMin - ဘယ် ဘယ်မှမသွားဘူး ကိုယ်နဲ့လာအိပ်ပေးလားလို့....အိမ်မှာတစ်ယောက်ထဲဆိုတော့ သရဲကြောက်လို့....
JK - ဟားးးဟားးး Hyung ကတော့ နောက်ပြီ....သရဲကို အကြောင်းမပြလဲ ဒီအတိုင်းလာအိပ်ဆို လာအိပ်မှာပါနော်....