BLUE SIDE (Ep 19)

4.3K 510 23
                                    

JungKook တယောက် JiMin ထွက်သွားကထဲက ဘာလုပ်လုပ်စိတ်မပါချင်...စာသင်နေလဲ သင်သာသင်နေရတယ်ဘာမှန်းမသိ...စာသင်ပြီး အိမ်ပြန်တော့လဲ ကားပေါ်ကအမှတ်တရတွေကိုလွမ်းမိတယ်....ကျောင်းလာကြိုတဲ့ Hyungပုံရိပ်တွေ မျက်လုံးထဲရောက်ရောက်လာလို့ တကယ်များလားလို အရူးလိုပျော်နေမိတာလဲအခါခါ...ညတိုင်းလိုလို video callပြောပေမယ့်လဲ အလွမ်းမပြေနိုင်ခဲ့ပါ....ဖြစ်နိုင်ရင် Japanထိလိုက်သွားပြီး အနားမှာပဲနေချင်မိသည်....

JK - ဒါဆို ဒီနေ့ ဒီလောက်ပဲ...မနက်ဖြန်ကြရင် ဆရာ စာတမ်းစစ်မယ်နော်...အပြီးသတ်လာခဲ့ကြ....

JungKook လဲစာသင်ပြီးလို့ အိမ်ပြန်ဖို့ ကားပေါ်တတ်ရန် ကားတံခါးဖွင့်နေတုန်း...

Sora - ဆရာ.... ပြန်တော့မလို့လား...

ဖွင့်လက်စတံခါးအားပြန်ပိတ်လိုက်ပြီး...

JK - အင်း ဘာပြောမလို့လဲ....

Sora - JiMin Oppa ရောဟင်....ဒီနေ့နဲ့ဆို JiMin Oppa လာမကြိုတာ ၄ရက်ရှိပြီနော်..ဘာဖြစ်လို့လဲဟင် နေမကောင်းလို့လား ဆရာ....

လာမကြိုတာ၄ရက်ရှိတာကိုအတိအကျသိနေတဲ့ Sora ကြောင့် မျက်ခုံး၂ခုတွန့်ချိုးလိုက်ရင်း...

JK - ဒီလိုပဲ ဘာလို့မေးတာလဲ....

Sora - Ella ကပြောတယ် ဆရာနဲ့ JiMin Oppa လမ်းခွဲလိုက်ပြီထင်တယ်တဲ့ ဆရာ့ကိုကြည့်ရတာလဲ တမှိုင်မှိုင်ထွေထွေနဲ့တဲ့....မျက်နှာလဲမကောင်းဘူးတဲ့

JK - အဲ့တာ မင်းတို့နဲ့ဘာဆိုင်လဲ....

ဒေါသထွက်ကာ  ကားထဲဝင်သွားတဲ့ JungKook ကြောင့် Sora လဲအံ့သြကာ ကားရှေ့မှာတင် မတ်တပ်ရပ်မိနေတုန်း...

တီ!!!!!!!!!!!!!!!! (ကားဟွန်းသံ)

Sora လဲလန့်သွားပြီး ဘေးကပ်ခါ လမ်းဖယ်ပေးလိုက်တော့ ကားကို အကြမ်းမောင်းကာထွက်သွားတဲ့ JungKook....

Sora - Hello Ella လား...နင်ပြောတာမှန်နေပြီထင်တယ်....%#%&%&&% ဒေါသထွက်သွားတယ်...

Ella - အဟင်းးး ကံကြမ္မာက ငါ့တို့ကိုမျက်နှာသာပြန်ပေးပြီထင်တယ်...မနက်ဖြန်ကျောင်းရောက်မှတွေ့မယ် ...ဒါပဲ...

Sora - အေး အေး...

**************************************

Phone Ringing.....

BLUE SIDEWhere stories live. Discover now