BLUE SIDE (Ep 18)

4.6K 527 29
                                    

JK - ဟုတ်....ဟင်...ဗျာ!!!!!....

​ဧည့်ခန်းရှေ့မှာကြောင်တောင်တောင်နဲ့ ရပ်ကျန်နေခဲ့တဲ့ JungKook ကို JiMin အခန်းဝကလှမ်းအော်ရပြန်တယ်...

JiMin - ဘာလုပ်နေတာလဲ မလာသေးဘူးလား

JK - လာပြီ လာပြီ Hyung....

JungKook အခန်းထဲလိုက်ဝင်သွားတဲ့အချိန် JiMinက ကုတင်ခေါင်းရင်းကိုခေါင်းမှီလျှက် သူ့ကိုကြည့်နေတော့...

JK - ကျွန်တော် ဘယ် ဘယ်မှာအိပ်ရမှာလဲ...hyung

JiMin က သူ့ဘေးအိပ်ယာကို ပုတ်ပြတော့...သူလဲဝင်ထိုင်လိုက်တယ်....

ဒူးတုပ်ပြီး သူ့ကိုကြည့်လိုက် အခန်းကိုပတ်ကြည့်လိုက် လုပ်နေတဲ့ ချာတိတ်လေးကို ကြည့်ပြီး JiMin ခဗျာအသဲယားလိုက်တာဆိုတာ....

JiMin - မအိပ်ချင်သေးလို့လား...

JK - ဟုတ် နည်းနည်း....

JiMin - ရုပ်ရှင်ကြည့်မလား...

JK - ဟုတ်.....

ကုတင်ခြေရင်းက TVကို ဖွင့်ပြီးတာနဲ့ JiMinက မီးပိတ်ပြီး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကုတင်ခြေရင်းက TVကို ဖွင့်ပြီးတာနဲ့ JiMinက မီးပိတ်ပြီး....နှစ်ယောက်လုံးကုတင်ခေါင်းရင်းကို ကျောမှီကာ အသင့်နေရာယူလိုက်တယ်..ရုပ်ရှင်သာကြည့်နေရတာ ဇာတ်လမ်းအကြောင်းကိုဇာတ်ရည်လည်ရဲ့လားမသိပါဘူး...တစ်ယောက်နဲ့တစ်ယောက်ခိုးကြည့်လိုက် အကြည့်ချင်းစုံသွားရင် မျက်နှာပြန်လွှဲလိုက်ကြနဲ့...

ခဏအကြာတော့ JiMin သိလိုက်ရတာက သူဇာတ်လမ်းအရွေးမှားသွားပြီဆိုတာ....ရုပ်ရှင်ထဲမှ မင်းသားနှင့်မင်းသမီး clubမှအိမ်သို့ မူးပြီးပြန်လာကာ အိပ်ခန်းထဲရောက်တော့ သဲကြီးမဲကြီးနမ်းရှိုက်နေကြသည်လေ...နမ်းနေကြရင်းမှ အဝတ်အစားများတစ်လွှာချင်းချွတ်ကာ မင်းသားမှ မင်းသမီးလည်ပင်းတစ်လျှောက် အနမ်းများနုရွစွာပေးနေသည်မှာ အတော်ပင်ကြည်နူးစရာကောင်းလှသည်...ထိုစဥ်မကြည်နူးနိုင်တာသည်မှာ TVရှေ့တည့်တည့်က ၂ယောက်ဆိုတာတော့အသေအချာပင်...ဇာတ်ကားထဲကလို clubကပြန်လာတာမှန်သော်ငှားလည်း နမ်းဖို့နေနေသာသာ ရုပ်ရှင်ထိုင်ကြည့်နေကြတဲ့၂ယောက်မဟုတ်ပါပေလား....JiMin.က.JungKook လေးကို ခိုးကြည့်လိုက်ချိန် သူ့ရဲ့ချာတိတ်လေးမှာ မျက်လုံးလေးအပြူးသားနဲ့ ရုပ်ရှင်ကြည့်ရင်း တံတွေးမျိုချနေသည်မှာလဲအခါခါ ကြောင်တောင်တောင်လေးနဲ့ ကြည့်နေတဲ့ ယုန်ပေါက်လေး....ထိုယုန်ပေါက်လေးကိုကြည့်နေရင်းမှ...

BLUE SIDEWhere stories live. Discover now