BLUE SIDE (Ep 24)

4.2K 504 24
                                    

JiMin တစ်ယောက် အရာအားလုံးကို ဘာမှမဖြစ်သလို နှုတ်ဆက်ကျောခိုင်းခဲ့ပေမယ့် ရင်ထဲမှာတော့ ဘယ်လောက်တောင်စုတ်ပြတ်သတ်တေလဲဆိုတာ သူကိုယ်တိုင်ကလွှဲ၍အခြားသူတွေသိနိုင်မယ်မထင်ခဲ့ပါဘူး....

ဒီဘက်က ချာတိတ်လေးမှာလဲ သူအတိတ်မေ့စဥ်ကာလအတွင်းက အဖြစ်အပျက်တွေကို ဘာအရာတစ်ခုမှ မမှတ်မိတဲ့အတွက် JiMin ကသူ့ကို ဘာအတွက်ကြောင့် ထားပစ်ခဲ့လဲဆိုတာ အဖြေရှာမရခဲ့......ကိုယ့်ကိုကိုယ်သာ ကျိန်ဆဲရင်းအပြစ်တင်နေမိသည်....

သတိရတိုင်း CD ချပ်လေးအားဖွင့်ကြည့်ခဲ့ပြီး အချိန်ရှိတိုင်း မြင်ယောင်နေမိတဲ့ Hyung ရဲ့ ပုံရိပ်တွေကိုသာ အဖော်ပြုရင်းနေခဲ့ရသည်....ထိုသို့ ဝေဒနာတွေကို ရက်အနည်းငယ်လောက်ခံစားပြီးသည့်အခါတွင်တော့ သူသည်းမခံနိုင်တော့ပါ....Taeကိုသွားတွေ့ပြီး အကြောင်းစုံမေးရန်ဆုံးဖြတ်လိုက်လေသည်.....

ဒေါက် ဒေါက် ဒေါက်......

အတွင်းရေးမှူး - CEO-nim ဧည့်သည်ရောက်နေပါတယ်...

Tae - ဘယ်သူလဲ...

အတွင်းရေးမှူး - Jeon JungKook လို့ပြောပါတယ်...

Tae - ဝင်ခိုင်းလိုက်....

JungKook ရုံးခန်းအတွင်းသို့ရောက်သောအခါ...

Tae - ထိုင် မင်းကိုငါတွေ့ချင်နေတာနဲ့အတော်ပဲ....

JK - Hyung... ကျွန်တော် အတိတ်မေ့နေတဲ့ကာလအတွင်းဘာတွေဖြစ်သွားခဲ့တာလဲဟင် ကျွန်တော့ကိုပြောပြပါနော်...

Tae - ဘာလဲ မင်းအကုန်မှတ်မိသွားပြီလား...

JK - ဟုတ် မှတ်မိသွားပြီ ဒါပေမယ့် အတိတ်မေ့နေတုန်းက အကြောင်းအရာတွေ ကျွန်တော် မမှတ်မိဘူး JiMin Hyung က ကျွန်တော့ကို ရုတ်တရတ်ကြီး ဘာလို့ထားသွားရတာလဲဟင်....ကျွန်တော့ကို ဖြေပေးပါနော်....

ထိုသို့ မျက်ရည်အဝိုင်းသားဖြင့်မေးလာတဲ့ JungKook ကို ကြည့်ပြီး သူသက်ပြင်းသာအကြိမ်ကြိမ်ချမိသည်....ထိုကဲ့သို့ကြည့်တော့လဲ JungKook မှာ အပြစ်မရှိ သူလဲခံရသူသက်သက်သာ.....အဲ့လိုကြောင့် JungKook အတိတ်မေ့စဥ်အတွင်း Ellaကဘယ်လိုလိမ်ကြောင်း JiMin ကို Ella နဲ့ Yoongi ပေါင်းပြီးဘယ်လိုလုပ်ကြံကြောင်း ဒါကိုတောင် JiMin ခွင့်လွှတ်ပေးပြီး sponsor ဆက်ပေးခိုင်းခဲ့တဲ့အကြောင်းပြောပြလိုက်တော့...တခါမှ မတွေ့ဖူးတဲ့ JungKook မျက်နှာကို Tae တွေ့လိုက်ရသသည်.....

BLUE SIDEWhere stories live. Discover now