BLUE SIDE (Ep 31) Unicode

4.4K 387 17
                                    

Saipan မြေသို့ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အရာအားလုံးလန်းဆန်းတတ်ကြွသွားရသည်...ရောက်ဖူးနှင့်ပြီးသားနေရာဖြစ်သော်လဲ ပင်လယ်ကလာတဲ့ လေထုနဲ့ ရာသီဥတုကောင်းမွန်မှုကတော့ လစ်လျူရှု၍မရခဲ့...

JiMin - ချာတိတ် ဖြေးဖြေးသွားလေ ကိုယ့်ကိုစောင့်ဦး...

ကားပေါ်ကဆင်းတာနဲ့ Hotel ထဲပြေးဝင်သွားတာများ သူ့အိမ်သူ့ယာကြလို့...ဒေါက်တာက မပြေးရမလွှားရလို့မှာထားကာမှ ပိုကဲလာသလို ဒီယုန်ပေါက်နဲ့တော့.....နောက်ဆုံး JiMin ကပဲ လျှောက်မပြေးစေရန် လက်ကိုတွဲကာ သူ့အနားမှာပဲခေါ်ထားလိုက်တော့သည်...အဲ့လိုကြတော့လဲ ကြေနပ်ပြီးပျော်နေတဲ့ရုပ်ကြီးက...ဟွန်းးးး

ဒီနေ့အတွက်တော့ ရောက်တာကလဲညနေစောင်းပြီဆိုတော့ အကုန်လုံး အခန်းအသီးသီးတွင် အနားယူကာ ညကြမှ စကားပြောရင်း တစ်ဝိုင်းတစ်လေသောက်ဖို့စီစဥ်ထားကြသည်...အခန်းအသီးသီးဆိုလို့ တစ်ယောက်တစ်ခန်းနေတာလားဆိုတော့မဟုတ်ပါ...ချာတိတ်ရဲ့အမိန့်တော်ကြောင့် Jinတို့လင်လင်ရော Taeတို့လင်လင်ရော Yoongi ပါလိုက်လာရသည်လေ...Prewedding ကို ၂ယောက်ထဲမရိုက်ချင်ဘူးတဲ့ ၇ယောက်လုံးရိုက်မယ်တဲ့လေ....အခုတလော ဘာကြောင့်မှန်းမသိ ဒီယုန်ပေါက်ကပိုပိုကလေးဆန်လာကာ ပိုပိုရွလာတာကိုတော့ ကျန်တဲ့၆ယောက်လုံးသတိထားမိကြသည်...သို့သော် တစ်ခွန်းမှမပြောရဲကြ...ပြောရင်လဲ သူ့နောက်က Sugar daddy ကြီး JiMin ကိုကြောက်ရသေးသည်.... ဟူးးးး ကျန်၅ယောက်ဘဝကတော့......

***************************************

ညစာစားတဲ့အချိန်မှာတော့ အားလုံးက ရင်းနှီးသထက်ကိုပိုရင်းနှီးလာကြသည်...အရင်ကလို Yoongi တို့ကလဲ ပင်လယ်ရောက်တုန်း sea food စားချင်တယ်မပူစာတော့ပါ.... သို့ပေမယ့် JiMin ကစီစဥ်ပေးထားသည်...တယောက်နဲ့တယောက် respectရှိပြီး နားလည်လာကြသည်...ဆက်ဆံရေးပြေလည်လာကြသည်လေ...

ဆက်ဆံရေးပြေလည်လာကြသည်လေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
BLUE SIDEWhere stories live. Discover now