Arc-1 chapter- 11

6K 635 15
                                    


မယ်​​တော်​ကြီးကပါ ၀င်​​ပြောလိုက်​​တော့ ​ကျောက်​ချင်းယွီ လျင်​လျင်​မြန်​မြန်​ပဲ ​ဖြေရှင်းချက်​​ပေးလိုက်​ရသည်​။

"  မဟုတ်​ပါဘူး..မယ်​​တော်​ကြီး..ဒီမိဖုရားက ဖြစ်​နိုင်​​ခြေကိုပဲ ​ပြောတာပါ"

" ဖြစ်​နိုင်​​ခြေဆိုရင်​ မယ်​​တော်​ကြီးက ဒုမိဖုရားနဲ့ ကိုယ်​လုပ်​​တော်​စုရဲ့ မုန့်​ကိုလည်းစား​သေးတာပဲ ..အဲ့​တော့..."
မင်​စစ်​ရန်​က ​ကျောက်​ချင်းယွီကို သတ်​မလို ဖြတ်​မလို စိုက်​ကြည့်​ပြီး ​ပြော​နေတာဖြစ်​သည်​။
ရှောင်​ဖုံးတစ်​​ယောက်​ပဲ ဒီစကားဝိုင်းမှာ ငြိမ်​​နေတာဖြစ်​သည်​။
ကျောက်​ချင်းယွီက​တော့ သူမက ဖြူစင်​ပြီးအပြစ်​ကင်းတဲ့အ​ကြောင်း ပဲ ​ပြော​နေသည်​။

" အရှင်​ ကျွန်​မက မယ်​​တော်​ကြီးကို အဆိပ်​ခပ်​ပါ့မလား
ကျွန်​မ မုန့်​လုပ်​တုန်းက ကျွန်​မအနားမှာ အ​စေခံ​တွေရှိပါတယ်​ သူတို့ကို ​မေးလို့ရပါတယ်​ ကျွန်​မ မုန့်​ထဲမှာ ဘာမှမထည့်​ထားပါဘူး.."

ငါမုန့်​လုပ်​တုန်းက ငါ့အနားမှာ မင်​စစ်​ရန်​တစ်​​ယောက်​လုံးရှိတယ်​ ကမရဲ့ 😏😏😏
ရှောင်​ဖုံးစိတ်​ထဲက​နေသာ ​ပြော​နေလိုက်​သည်​။

" ငါကိုယ်​​တော်​ မင်းတို့မုန့်​​တွေရဲ့ ပါဝင်​ပစ္စည်းကို စစ်​​ဆေးချင်​တယ်​ "

" အရှင်​ ကျွန်​မ နဲ့ ကိုယ်​လုပ်​​တော်​စုရဲ့ မုန့်​​တွေကို စစ်​​ဆေးလို့ရပါတယ်​ ..ဒါ​ပေမဲ့ ..မိဖုရား​ခေါင်​ကြီးရဲ့ မုန့်​ကို မယ်​​တော်​ကြီးက အကုန်​စားလိုက်​​တော့..."
ဇာတ်​လိုက်​မက စကားကိုမ​ပြောရဲသလို တွန့်​ဆုတ်​တွန့်​ဆုတ်​လုပ်​​နေ​တော့ ​ရှောင်​ဖုံးဇာတ်​လိုက်​မကို မျက်​ခုံးပင့်​ကြည့်​လိုက်​ပြီး မင်​စစ်​ရန်​ကို တစ်​ချက်​လှမ်းကြည့်​လိုက်​သည်​။ သူမပုံစံက ​မျှော်​လင့်​ချက်​ ကင်းမဲ့​နေသလိုမျိုး ဖြစ်​​နေသည်​။

"  မိဖုရား​ခေါင်​ကြီးရဲ့ မုန့်​ကုန်​သွားလည်း ကိစ္စမရှိဘူး မိဖုရား​ခေါင်​ကြီးမုန်​လုပ်​​နေတဲ့ တစ်​​လျှောက်​လုံး ငါကိုယ်​​တော်​ ​စောင့်​ကြည့်​​နေခဲ့တာ "
အရင်​လို ၀မ်း​လျှော​စေတဲ့ အစားအစာ​တွေထပ်​လုပ်​မှာစိုးလို့

Villain SystemWhere stories live. Discover now