Arc_2 chapter 23

4.4K 383 61
                                    

မကြာခင်မှာပဲ မုရွှယ်ရွှယ်နဲ့ ချင် သခင်လေး ရဲ့ ပုံတွေက ကျောင်းforum မှာပြန့်သွားတယ် ။ အဓိက တရားခံကတော့ ကျောင်းခေါင်မိုးထပ်မှာ အေးဆေး။

ကျောင်းဆင်းချိန်မှာ အဲ့ မုရွှယ်ရွှယ်နဲ့ ချင်သခင်လေးရဲ့ ပလူးပလဲ နေတဲ့ ပုံတွေက တော်တော်ပြန့် နေပြီ ဖြစ်တယ် ။

" ဟဲ့ ..ဒါ မုရွှယ်ရွှယ်မလား ? "

"အေးလေ သူမှသူ အစစ် .."

" ဟယ် ..မထင်ထားဘူး "
အစရှိသဖြင့် တစ်ကျောင်းလုံးက လူတွေက တော့ ပြောနေလေရဲ့ ။ 

ပိုင်မော့ရှင်း ၊ ကျိုးဝေ့ရှင်း ၊ ကျန်းစစ်ရှန့် တို့ကတော့ သူတို့ ကိစ္စနဲ့ သူတို့ မလို့ မုရွှယ်ရွှယ် ကို ဂရုမစိုက်အား ။

ကျန်းစစ်ရှန့် ခမျာ နောက်ဆုံး တစ်ကျောင်းလုံးကို ပတ်ရှာ ပြီးတဲ့ နောက်မှာတော့ ခေါင်မိုးထပ်မှာ ဇိမ်ကျနေတဲ့ လင်းဖန်ရှ ကို တွေ့သွားသည် ။

[ Hostလူလာပြီ ]

[ အဲ့တော့ ..အဲ့တော့ ]

ပေါက်စီလေး ဘီ လိုက်ခ် : မဆဲချင်ဘူးနော် မဆဲချင်ဘူး

" အားရှ !! ဒီမှာ ဘာလုပ်နေတာလဲ "

ထိုင်နေတာပေါ့အေ ..မမြင်ဘူးလား ..စောက်လုံးလေးနဲ့ ကြည့်!!

လင်းဖန်ရှ ထိုင်နေတဲ့ ဘေးကို ကျန်းစစ်ရှန့် ကပါ ၀င်ထိုင်လိုက်သည် ။

" အတန်းဘာလို့ မတက်တာလဲ "

" မတက်ချင်လို့ "

" ကိုယ့်ကို စိတ်ဆိုးနေတာလား "

" အိုမို ..အိုမို ..စိတ်ဆိုးစရာအကြောင်းမရှိသလို ..
စိတ်ဆိုးရအောင်လည်း ငါတို့က ဘာမှမဟုတ်ဘူးလေနော် "

လင်းဖန်ရှ က အဲ့ လိုပြောလိုက်တော့ ...ကျန်းစစ်ရှန့် ဆီက သက်ပြင်းချသံ သဲ့သဲ့ကို ကြားရတယ်။ 

" အားရှ ..အရင်က .."

" အရင်က ငါကန်းနေလို့ နင့်ကို ကြိုက်ခဲ့တာ ...ဆောရီး အခု ငါ့မျက်လုံး ပုံမှန် ပြန်ဖြစ်သွားပြီရယ်"

" ဒါပေမယ့် ..ကိုယ်ကြိုက်တယ် .. ကိုယ် အားရှ ကို သဘောကျတယ် .."

You've reached the end of published parts.

⏰ Last updated: Feb 24, 2021 ⏰

Add this story to your Library to get notified about new parts!

Villain SystemWhere stories live. Discover now