Arc-2 chapter-22

3.7K 430 18
                                    


[ ​ပေါက်​စီ​လေး ...နင်​ ​ဈေး​ရောင်းလား...]

[ဘယ်​လို​မေးလိုက်​တာလဲ...​ရောင်းတာ​ပေါ့..]

[လက်​နက်​​တွေ​ကောလား....]

[အစုံ​ရောင်းတယ်​ ...၀ယ်​မလို့လား...]

[ ​အေး..]

[Host ရဲ့ level နဲ့ လက်​နက်​​တွေဝယ်​လို့မရ​သေးဘူး ]

[ဘာ !!! ]

[ အမယ်​​လေး ​ဖြေး​ဖြေး​အော်​ပါ ...host ရယ်​ ]

[ အဲ့​တော့ ..ငါ ဘာဝယ်​လို့ရလဲ...]

[​ဆေး​တော့ ၀ယ်​လို့ရတယ်​...ကြို​ပြောမယ်​...မဟုတ်​တာ​တော့ မလုပ်​နဲ့​နော်​...point ​တွေကို ​ချွေတာပါ ..]

System နဲ့ စိတ်​ထဲက စကား​ပြောရင်း အပြင်​ပန်းမှာ​တော့ လက်​​တွေချိုးလျက်​....

[ ငါ training centreထဲမှာ အတိုက်​အခိုက်​သင်​လာတာ ....အခု​တော့ လက်​​တွေ့လုပ်​ဖို့ အချိန်​​ရောက်​ပြီ...]

[စိတ်​​လျှော့...host ...စိတ်​​လျှော့...အသက်​ကို
ဖြည်းဖြည်းရှု....]

[ အဲ့ ​ခွေး​ကောင်​ ငါနဲ့ ​တွေ့မယ်​ ...]

[ အွန်းပါ ..အွန်းပါ...ဟိုက တစ်​ခါ​လောက်​ ​ပဲ ​ချော့ပြီး အရည်​​ပျော်​မသွားနဲ့အုံး...]

[ ဆု​တောင်း​လေ...​လော​လောဆယ်​...ကျန်းစစ်​ရှန့်​က ​ပေါ်မလာ​သေးဘူး ]

[ ​ကျောင်း​ဆေးခန်း မှာပဲရှိ​သေးတယ်​ ...host လိုက်​သွားပါ့လား...]

[ မလိုက်​ပါဘူး...ထားလိုက်​ပါ ...]

ထွက်​​နေတဲ့ ​ဒေါသ​တွေကို နည်းနည်း​လောက်​​လျှော့ပြီး ​ကျောင်းသားဥက္ကဋ္ဌ ရဲ့ ရုံးခန်းထဲမှာပဲထိုင်​​နေလိုက်​သည်​။ အစ်​ကိုဝမ်းကွဲရဲ့ ရုံးခန်းဆို​တော့လည်း..။
.
.
ကျန်းစစ်​ရှန့်​ ​ကျောင်း​ဆေးခန်းက
ပြန်​​ရောက်​ကတည်းက လင်းဖန်​ရှ ကိုရှာ​နေတာ မ​တွေ့​သေးဘူး။ စာသင်​ခန်းထဲလည်း မရှိဘူး..။
ကန်​တင်းမှာလည်း မရှိဘူး...။
မ​တော်​ရ​သေးတဲ့ ​ယောက်​ဖ ကျိုး​ဝေ့ရှင်းကို ​မေးချင်​​ပေမယ့်​ သူနဲ့က ဘုနဲ့​ဘောက်​ဆို​တော့ မ​မေးဖြစ်​​တော့ဘူး။
.
.
.
ကျောင်းတက်​ပြီး အတန်းထဲ ဆရာဝင်​တဲ့အထိ
လင်းဖန်ရှပြန်ရောက်မလာသေးဘူး။ ဘယ်တွေ သွားနေလဲ မသိဘူးရယ်။
ကျန်းစစ်ရှန့် ခမျာ ဖင်တကြွကြွဖစ်နေပေမယ့် ဆရာဝင်လာလို့ အောင့်အီးနေရတယ် ။ အခု ၀င်နေတဲ့ဆရာမက ကျောင်းမှာ အကြမ်းဆုံးရယ် ။ သူ့အချိန် ဘယ်သူမှ မလစ်ရဲ့ဘူး ။ လင်းဖန်ရှ ကတော့ ခြွင်းချက် ။ အားရှ က ဒီဆရာမ ရဲ့ တူမလေ ။ ဘာလုပ်လုပ် လွှတ်ပေးထားတာ ။

Villain SystemWhere stories live. Discover now