Arc-2 chapter-4

4K 516 11
                                    


ဦး​နှောက်​မရှိတဲ့​ကောင်​​တွေက​တော့ ​သေချာ​ပေါက်​ မုရွှယ်​ရွှယ်​ရဲ့ မျက်​ရည်​​တွေဝဲ​နေတဲ့ ပုံ​လေးကို သနားလိမ့်​မည်​။
လင်းဖန်​ရှ တစ်​ဖြစ်​လဲ​ရှောင်​ဖုံးက​တော့ ခပ်​တည်​တည်​နဲ့ မုရွှယ်​ရွှယ်​ကို စိုက်​ကြည့်​​နေလိုက်​သည်​။
တော်​​တော်​ကြာတဲ့အထိ မုရွှယ်​ရွှယ်​က ဘာမှမ​ပြောဘဲ မျက်​ရည်​​တွေသာဝဲ​နေခဲ့ပြီး ​အောက်​နှုန်​ခမ်းကို ဖိကိုက်​ထားသည်​။
သေချာ​ပေါက်​ သူမအနိုင်​ကျင့်​ခံရသည့်​ပုံစံ​ပေါ့။
အဲ့​တော့ လင်းဖန်​ရှကပဲ ဆက်​​ပြောရတာ​ပေါ့။

" မုရွှယ်​ရွှယ်​ ဆက်​​ပြော​လေ...ငါ့မှာ နင်​နဲ့ စကား​ပြောဖို့ အချိန်​ရှိတယ်​များ ထင်​​နေလား...​"
လင်းဖန်​ရှက ​လေသံမာမာနဲ့ ​ပြောလိုက်​​တော့ သနားစရာ မုရွှယ်​ရွှယ်​ ခမျာ ​မျက်​ရည်​​တွေပါ စီးကျလာ​တော့သည်​။

  " အဟင့်​..ဟင့်​... အားရှ ..ငါက..နင်​ဒီမှာ ​ရောက်​​နေလို့
မေးကြည့်​ရုံ​လေးပါ..ဟင့်​...ဟင့်​.."

ငိုပြီး ဒရာမာ ခင်း​နေတဲ့ မုရွှယ်​ရွှယ်​ကိုကြည့်​ပြီး ​ရှောင်​ဖုံးမျက်​လုံးကိုသာ အ​ပေါ်သို့ လှန်​လိုက်​သည်​။
 
  " ​သြော်​..ဒါနဲ့​လေ..ငါ့စကားမှာ ငိုစရာများပါလို့လား..မပါဘူးလားလို့​နော်​..ဒါကို..နင်​က ဘာလို့ ငို​နေရတာလဲ..ပြီး​တော့...ငါ့ကို အားရှ..အားရှ လို့​ခေါ်ရ​အောင်​ နင်​နဲ့ငါနဲ့ ခင်​လို့လား..မခင်​ဘူး​နော်​..ကိုယ့်​အကန့်​နဲ့ကိုယ်​​နေ..မုရွှယ်​ရွှယ်​.."

 လင်းဖန်​ရှရဲ့ စကား​တွေ​ကြောင့်​ မုရွှယ်​ရွှယ်​က ပိုပြီး ​ကြောက်​တဲ့ပုံစံ လုပ်​လိုက်​ပြီး ..ကျိုး​ဝေ့ရှင်းနဲ့ ကျန်းစစ်​ရှန့်​ကို အားကိုးတဲ့ အကြည့်​​လေးနဲ့ကြည့်​လိုက်​သည်​။
စိတ်​ထဲက​တော့ ဆန့်​ကျင်​ဘက်​ အ​နေနဲ့ လင်းဖန်​ရှ ရဲ့ လုပ်​ရပ်​အ​ပေါ်ကို ​ကျေနပ်​​နေသည်​။ ဒီတုံးအတဲ့ လင်းဖန်​ရှ က အခုလို အနိုင်​ကျင့်​​လေ ကျိုး​ဝေ့ရှင်းနဲ့ ကျန့်​စစ်​ရှန့်​က လင်းဖန်​ရှကို ပိုမုန်း​လေဖြစ်​သည်​။ အခုလည်း ဒီ​နေရာမှာ ရှိ​နေတဲ့ သူ​တွေအကုန်​လုံးက သူမကို သနား​နေကြပြီး လင်းဖန်​ရှ ကို အမြင်​ကတ်​​နေမှာ အမှန်ုဖြစ်​သည်​။
လင်းဖန်​ရှကလည်း မုရွှယ်​ရွှယ်​ ဘာ​တွေး​နေလဲ သိတာ​ပေါ့။ထင်​တဲ့အတိုင်းပဲ ကျိုး​ဝေ့ရှင်းက ၀င်​ပါလာသည်​။
 

Villain SystemWhere stories live. Discover now