Arc-2 chapter-7

4.1K 488 11
                                    


" ဘုတ်​ "
" အင့်​.."

တကတည်း..​ကျောင်း​နောက်​ကျ​နေပါတယ်​ဆိုမှ....

ကျောင်းထဲကို ခပ်​သုတ်​သုတ်​ ၀င်​လာတဲ့ လင်းဖန်​ရှ အခန်းနား​ရောက်​ခါနီးမှ....လူတစ်​​ယောက်​နဲ့ ၀င်​တိုက်​မိသည်​။ လင်းဖန်​ရှ လက်​ထဲက လူမြင်​မခံတဲ့ စာအုပ်​​တွေကလည်း ကြမ်းပြင်​​ပေါ်ကို ကျကုန်​သည်​။ ၀င်​တိုက်​တဲ့သူလည်း ဂရုမစိုက်​အား ။ ကျသွားတဲ့ စာအုပ်​​တွေကို သာ လိုက်​​ကောက်​​နေရသည်​။ အဖိုးတန်​ စာအုပ်​​လေး​တွေ..။

ဒါ​တောင်​ ​နောက်​ဆုံးကျန်​​နေတဲ့ စာအုပ်​ကို ​ကောက်​သွားတဲ့လက်​တစ်​စုံ​ကြောင့်​ ရင်​ထဲထိတ်​ခနဲ...။
တစ်​ဆက်​တန်း ​တွေးလိုက်​တာက....ငါ​လေး ​စောက်​ရှက်​ကွဲ​တော့မှာ​လား...။
ဒါ​ကြောင့်​ ကမန်းကတမ်း အ​ပေါ်ကို ​မော့ကြည့်​လိုက်​ရသည်​။

အင်း....သိပ်​​တော့ အဆင်​​ပြေမ​နေဘူး...။
လင်းဖန်​ရှ ရဲ့ စာအုပ်​ကို ဖင်​ပြန်​​ခေါင်းပြန်​ကြည့်​​နေတဲ့ ဒုဇာတ်​လိုက်​ ကျန်းစစ်​ရှန့်​။ အိမ်း....နားရွက်​က​လေး​တွေပါ  နီ​နေသလိုပဲ..။ရှက်​​နေတာ ​နေပါလိမ့်​မယ်​...။

ရှက်​လည်း ရှက်​ချင်​စရာ...ကျန်းစစ်​ရှနိ့ လက်​ထဲက လင်းဖန်​ရှရဲ့ စာအုပ်​က BL menga ဖြစ်​​နေတာကိုး..။စပ်​စုတာကိုး...

မနက်​ခင်း​စော​စောစီးစီး မြို့ပတ်​ပြီး ၀ယ်​လာရတဲ့ အဖိုးတန်​စာအုပ်​​လေး​တွေ..။ ​ဘေးက လူ​တွေကလည်း  ၀ိုင်းကြည့်​ချက်​ဆိုတာ...။မတတ်​နိုင်​ဘူး...ကိုယ်​က ​ကျောင်းရဲ့ နာမည်​ကြီးပုဂ္ဂိုလ်​ဖြစ်​​နေ​တော့လည်း..။ ပြန်​​တောင်းစရာရှိတာ​တော့ ပြန်​​တောင်းရမှာပဲ။

  " အဲ့ဒါ  ငါ့စာအုပ်​ ....ပြန်​​ပေး..."
လင်းဖန်​ရှက ကျန်းစစ်​ရှန့်​ ဆီက​နေ စာအုပ်​ပြန်​​တောင်းမှပဲ ကျန်းစစ်​ရှန့်​ အကြည့်​က လင်းဖန်​ရှ ဆီ​ရောက်​​တော့တယ်​..။

  " စာအုပ်​​လေးပြန်​​ပေးပါဦး...အဟဲ.."

ဘာမှမ​ပြောဘဲ ဒီအတိုင်း စိုက်​ကြည့်​​နေတဲ့ ဒုဇာတ်​လိုက်​​ကြောင့်​  လင်းဖန်​ရှခမျာ မျက်​နှာချို​သွေးပြီး စာအုပ်​ပြန်​​တောင်းရသည်​။ မ​တော်​လို့ ​စောက်​မြင်​ကပ်​ပုဒ်​မနဲ့ ​ကျောင်းရဲ့ စည်းကမ်းထိန်းသိမ်း​ရေး​ဆီ စာအုပ်​ကြီးသွားအပ်​မှ လင်းဖန်​ရှက ဆယ့်​ရှစ်​​ယောက်​ အထက်​စုကြည့်​ပါ ​တွေ ဖတ်​တယ်​ဆိုပြီး နာမည်​ကြီးသွားမှ..ဒုက္ခ...။

Villain SystemWhere stories live. Discover now