Arc-2chapter-12

4.2K 531 40
                                    


လင်းဖန်​ရှလည်း မုရွှယ်​ရွှယ်​က သူ့ကို ရှင်းဖို့ ​လုပ်​မယ်​ဆိုတာ​တော့ခန့်မှန်းမိပါတယ်​..။ မတတ်​နိုင်​ဘူး သူက သွားဆွလိုက်​တာကို..။  သူမရဲ့ ​ရွှေ​ခြေသလုံးကြီးကို သူမဘက်​ပါ​အောင်​ ဆွဲရ​တော့မယ်​။

သေချာတယ်​ ဒီအချိန်​မုရွှယ်​ရွှယ်​ လင်းဖန်​ရှကို တစ်​ခုခုလုပ်​ဖို့
ကြံမှာပဲ..။ အဲ့​တော့ သူမလည်း ​ကျော​ထောက်​​နောက်​ခံ​လေးရှာရဦးမယ်​။ ကျန်းစစ်​ရှန့်​က ဘာမှမမှတ်​မိဘူးဆို​တော့
ဘယ်​လိုများ လုပ်​လိုက်​ရပါ့မလဲ..။ အရင်​ လင်းဖန်​ရှလို ပဲ
ကျန်းစစ်​ရှန့်​ကို မျက်​နှာ​ပြောင်​ပြီး ဆက်​လိုက်​ရင
်​ ​ကောင်းမလား ။ သူမရဲ့ ၀မ်းကွဲအကို ကျိုး​ဝေ့ရှင်းကျ​တော့လည်း ပိုင်​​မော့ရှင်းကလွဲရင်​ ဂရုစိုက်​တဲ့သူမဟုတ်​​တော့..။

လင်းဖန်​ရှ သက်​ပြင်းသာချမိသည်​။
ငါ ..မုရွှယ်​ရွှယ်ကို စိန်​​ခေါ်တာ ​စော သွားလား....

မနက်​ခင်းပိုင်း သင်​သွားတဲ့ စာ​တွေ ​လင်းဖန်​ရှ နား​တောင်​မလည်​ခဲ့ဘူး။
ညဏ်​နီ ညဏ်​နက်​ ​တွေထုတ်​​နေရတာနဲ့တင်​..သင်​သွားတဲ့စာ​တွေမသိလိုက်​ဘူး ..။ စာ​မေးပွဲအတွက်​က​တော့ သိပ်​မစိုးရိမ်​ပါဘူး system ရှိတယ်​​လေ.. ။အေး​ဆေး...

နေ့လည်​ခင်း ထမင်းစားချိန်​​ရောက်​​တော့...လင်းဖန်​ရှ ​ရေဘူး
ယူပြီး အားကစားခန်းမ ကို သွားလိုက်​သည်​။ ကျန်းစစ်​ရှန့်​ကို ​ပေးမလို့ ။ သူမယူ​တော့လည်း ပိုင်​​မော့ရှင်း တိုက်​လိုက်​မယ်
အရှုံးမရှိဘူး ။

.
.
.
.
လင်းဖန်​ရှ အားကစားခန်းမကို ​ရောက်​​တော့ လူ​တော့ရှိပါ​သေးတယ်​ ...ကျန်းစစ်​ရှန့်​လည်း ရှိ​သေးတယ်
ပိုင်​​မော့ရှင်းလည်း ရှိတယ်​။
ပိုင်​​မော့ရှင်းက လင်းဖန်​ရှကို မြင်​​တော့ လင်းဖန်​ရှနားသွား မလို့ လုပ်​​ပေမဲ့ ကျန်းစစ်​ရှန့်​က အရင်​ဦး​အောင်​ ​ရောက်​သွားသည်​။

" စကား​ပြောလို့ရလား .."

အိုးမိုး..ကံ​တွေတက်​​နေတဲ့ ငါ​လေးဟဲ့...ကြည့်​စမ်း ...သူက
အရင်​ စကားလာ​ပြောတယ်​...
ဘေးက ​ပေါက်​စီ​လေးက​တော့ အသာ​လေး ​ခေါင်းရမ်းလိုက်​သည်​။

Villain SystemWhere stories live. Discover now