Arc-2 cbapter-2

4.6K 479 25
                                    

အောက်​မှာ Zawgyi ​နော်

[Unicode][Unicode]ဒုဇာတ်လိုက်နဲ့ ဇာတ်လိုက်မက အရင်တွေ့ခြင်းဖြစ်သည်။ ဇာတ်လိုက်မမုရွယ်ရွှယ်ဟာ သူမရဲ့ နိမ့်ကျတဲ့ကြေးရောင်ကြယ်ရင်ထိုးလေးကြောင့်ရယ် နိမ့်ကျတဲ့ သူမမိသားစုအခြေအနေကြောင့် တစ်နေ့တွင် ....မဟုတ်ဘူး ..နေ့တိုင်း..ကျောင်းမှာ အနိုင်ကျင့်ခံရလေသည်။
ဇာတ်လိုက်မဟာ စာကြည့်တိုက်သွားရင်း ကျောင်းသူအချို့ရဲ့ အနိုင်ကျင့်ခံရပြီး စာကြည့်တိုက်ရဲ့ ချောင်ကျတဲ့နေရာလေးမှာ ထိုင်ငိုနေစဉ် ဒုဇာတ်လိုက် ကျန်းစစ်ရှန့်နဲ့ တွေ့ခဲ့သည်။ ထူးထူးခြားခြား ဒုဇာတ်လိုက်ကျောင်းလာတဲ့ ရက်မှာတွေ့တာပါ။ ဟုတ်ပါတယ် ဇာတ်လိုက်မက အကွက်ဆင်တာပါ။ ဇာတ်လိုက်မ အကွက်ဆင်တာကိုမသိတဲ့ ကျန်းသခင်လေးကတော့ ဇာတ်လိုက်မကို သနားပြီး အနိုင်ကျင့်မှုတွေကနေ ကာကွယ်ပေးပါသတဲ့ရှင် ။
ထိုဒုဇာတ်လိုက် ကျောင်းမလာတဲ့ရက်မှာ ဇာတ်လိုက်မက ထပ်ပြီး ဇာတ်လိုက်နဲ့တွေ့ခဲ့ပါတယ်။ တွေ့ပုံကတော့ ဇာတ်လိုက်မမုရွယ်ရွှယ် က စတိုခန်းထဲမှာ ပိတ်မိနေတဲ့ အချိန်
ဆရာမ ယူခိုင်းတဲ့ပစ္စည်းကို စတိုခန်းမှာ လာယူတဲ့အချိန်တွေ့ခဲ့ပြီး ဇာတ်လိုက်ကျိုးဝေ့ရှင်းက မုရွှယ်ရွှယ်ကို ကယ်ခဲ့သည်။
မုရွှယ်ရွှယ် ရဲ့ ဇာတ်လိုက်မ အရှိန်အဝါတွေကြောင့် ဇာတ်လိုက်ဟာလည်း မုရွှယ်ရွှယ်ကို သနားစိတ်နဲ့ စိတ်ဝင်စားခဲ့သည်။
အဲ့နောက်ပိုင်း ဒုဇာတ်လိုက်ကလည်း ကျောင်းမှန်မှန်တက်ပြီး မုရွှယ်ရွှယ်ကို ကာကွယ်ပေးခဲ့သည်။ ဇာတ်လိုက်လည်း ထိုနည်းလည်းကောင်းပေါ့။
ပြဿနာက အဲ့မှာစတာပဲ ။ဒုဇာတ်လိုက် ကျန်းစစ်ရှန့် ကို
လင်းဖန်ရှ လို့ခေါ်တဲ့ ဇာတ်လိုက်ရဲ့ တစ်ဝမ်းကွဲ ညီမက ကြိုက်နေတာပဲ။ လင်းဖန်ရှ က ကျန်းစစ်ရှန့်ကို ကြိုက်နေတယ်ဆိုတာ တစ်ကျောင်းလုံးအသိ။ ဒါပေမဲ့ ကျန်းစစ်ရှန့်က လင်းဖန်ရှကို စိတ်တောင်မဝင်စားဘူး။ မုရွှယ်ရွှယ် မှ မုရွှယ်ရွှယ် ပဲ။ အဲဒါနဲ့ လင်းဖန်ရှက မုရွှယ်ရွှယ်ကို မနာလိုပြီး အနိုင်ကျင့်ပါလေရော။ ပြီးတော့ မုရွှယ်ရွှယ်ကို ကျန်းစစ်ရှန့်နဲ့ ဝေးဝေးနေဖို့လည်း သတိပေးသည်။ သို့သော် မုရွှယ်ရွှယ်ဟာ ကျန်းစစ်ရှန့်နဲ့ ဝေးဝေးနေဖို့မပြောနဲ့ ကျန်းစစ်ရှန့်နဲ့ ကျိုးဝေ့ရှင်းက သူမကို မျက်စိအောက်က အပျောက်မခံပေ။
< သဘာဝရဲ့ အကောင်းဆုံး နွားနှစ်ကောင်ပဲ>

Villain SystemWhere stories live. Discover now