Arc -1 chapter - 15

6.5K 519 22
                                    


ရှောင်​ဖုံး space ထဲပြန်​​ရောက်​​တော့ အနက်​​ရောင်​ဟင်းလင်းပြင်​ကြီးက ၀မ်းသာအားရကြိုဆိုသည်​။
ပေါက်​စီ​လေးအပါအ၀င်​​ပေါ့ ။

" ပြန်​လည်​ကြိုဆိုပါတယ်​ host "

" အပို​တေလုပ်​မ​နေနဲ့. မသိရင်​ နင်​နဲ့ငါနဲ့ နှစ်​ရှည်​လများကွဲကွာ​နေတယ်​လို့ သူများ​တွေထင်​​နေပါမယ်​"

"......"
ကျေးဇူးပြု၍ စကားအ​ကောင်း​လေး​ပြော​ပေးလို့မရဘူလား host

" ငါ point ဘယ်​​လောက်​ရလဲ "

" host ရတဲ့point က စုစု​ပေါင်း 1500 ပါ။အစတုန်းက​တော့ host က point 2000 ရမှာ​ဖြစ်​​ပေမဲ့ နဂို ချင်​​လော့ရှန်းလို သိမ်​သိမ်​​မွေ့​မွေ့ မ​နေတဲ့အပြင်​  system ကိုပါ မဟုတ်​ကဟုတ်​က​တွေ လုပ်​ခိုင်းတဲ့အတွက်​ point 250 ​နောက်​ပြီး အဆိပ်​​ဖြေ​ဆေးအ​ကျွေးဝယ်​လို့ ponit 250 စုစု​ပေါင်း
Point 500 ဖြတ်​ပါတယ်​ "

ပေါက်​စီ​လေးရဲ့ ရှင်းပြချက်​အပြီး ​ရှောင်​ဖုံးနားလည်​လိုက်​တာက
" ​သြော်​...ဘယ်​အရာမှ အလားကားမရပါ့လာ..."
ဒါမဲ့လည်း ပွဲကြမ်းပြလိုက်​ပါဦးမယ်​​လေ..

" ဘာ ....ဘာ!!!..ပြန်​​ပြောလိုက်​စမ်း ...နင်​တို့.system အဖွဲ့အစည်းကြီးက ယုတိမာလှချည်​လား..."

တစ်​ကယ်​တမ်းယုတ်​မာ​နေတာ host ပါ..ಥ_ಥ
ထားလိုက်​ပါ​တော့ host နဲ့​ပြော ​မောရုံပဲရှိမယ်

" host ဘာ​တေသင်​ယူချင်​လဲ..အခု​လော​လောဆယ်​​တော့ အချက်​အပြုတ်​နဲ့ အတိုက်​အခိုက်​ နှစ်​ခုပဲပွင့်​​သေးတယ်​  host ကြိုက်​ရာတစ်​ခု​ရွေးပါ "

သင်​စရာ​တွေက အများကြီးဆို​တော့ ​ရှောင်​ဖုံး ​သေ​သေချာချာ​လေး စဉ်းစာ​နေလိုက်​သည်​။ သနားစရာ​ပေါက်​စီ​လေးခမျာမှာ​တော့ သူ့host ကို မိန်းမ​ကောင်း​လေးတစ်​​ယောက်​ဖြစ်​​စေရန်
" host ကမိန်းက​လေးဆို​တော့ အချက်​အပြုတ်​သင်​သင့်​တယ်​လို့ ထင်​တယ်​ "
ဟု ညွှန်းလိုက်​သည်​။

ဒါ​ပေမဲ့ ရလဒ်​က​တော့ .......
" no...no... ဘာအချက်​အပြုတ်​လဲ?? ကြက်​ဥ​ကြော်​တတ်​ရင်​​ ​တော်​ပြီ ။ ​ခေါက်​ဆွဲပြုတ်​တတ်​ရင်​ လုံ​လောက်​ပြီ ။ ​ခေါက်​ဆွဲထဲမှာ ကြက်​ဥထည့်​ပြုတ်​တတ်​ရင်​ ​တော်​​တော်​​လေးတတ်​​နေပြီ ။ အဲ့​တော့ အချက်​အပြုတ်​သင်​မဲ့အစား  အတိုက်​အခိုက်​ပဲ သင်​​လိုက်​​တော့မယ်​ ။

Villain SystemWhere stories live. Discover now