Arc-2 chapter-5

4.1K 513 11
                                    

 
နေ့လည်​ခင်း ​ကျောင်းပြန်​တက်​​တော့ လင်းဖန်​ရှက ပိုင်​​မော့ရှင်း ရှိတဲ့ ​နောက်​ဆုံးခုံကို  ​ပြောင်းထိုင်​လိုက်​သည်​။မူလ လင်းဖန်​ရှက ကျန်းစစ်​ရှန့်​​နောက်​မှာထိုင်​တာ​လေ။ ပြီး​တော့ ဒီအခန်းထဲမှာ ​ရွှေ​ရောင်​ကြယ်​ရင်​ထိုး ပိုင်​ရှင်​ ဆယ်​​ယောက်​ရယ်​ ​ငွေကြယ်​ရင်​ထိုး ပိုင်​ရှင်​ ဆယ့်​ငါး​ယောက်​ရယ်​ စုစု​ပေါင်း နှစ်​ဆယ့်​ငါး​ယောက်​ရှိသည့်​ အခန်းဖြစ်​သည်​။ အဲ့​တော့ လင်းဖန်​ရှ ၊ ပိုင်​​မော့ရှင်း ၊ ကျိုး​ဝေ့ရှင်း၊ ကျန်းစစ်​ရှန့်​ တို့က တစ်​ခန်းထဲ။ ​နောက်​မှ မုရွှယ်​ရွှယ်​က ရင်​ထိုး အ​ရောင်​အဆင့်​တက်​ပြီး ဒီအခန်းကို ​ရောက်​လာမှာ။

တစ်​ခန်းလုံးက လူ​တွေက လင်းဖန်​ရှ ​နေရာ​ပြောင်းသွားတာကိုပဲ အထူးအဆန်းကြည့်​​နေကြသည်​။ ဒါ​ပေမဲ့ လင်းဖန်​ရှကိုယ်​ထဲ ​ရောက်​​နေတဲ့ ​ပေ့​ရှောင်​ဖုံးက ​တော့ don't care anything. ဆိုတဲ့ ဖြတ်​ရိုက်​ချင်​စရာ မျက်​နှာ​ပေးကြီးနဲ့ ။

နောက်​​တော့ အတန်းထဲကို ကျိုး​ဝေ့ရှင်းနဲ့ ကျန်းစစ်​ရှန့်​ ​ရောက်​လာသည်​။ လင်းဖန်​ရှ ​နေရာ​ပြောင်​ထားတာကို ​တွေ့​တော့ အံ့သြသလို ​တော့ဖြစ်​သည်​။ လင်းဖန်​ရှက​တော့ သူတို့နဲ့ ဆန့်​ကျင်​ဘက်​ ....အတန်းထဲဝင်​လာတဲ့ ကျိုး​ဝေ့ရှင်း နဲ့ သူမ​ဘေးမှာထိုင်​​နေတဲ့ ပိုင်​​မော့ရှင်းကို ကြည့်​ပြီး role ခွဲ​နေသည်​။

ပိုင်​​မော့ရှင်းက basketball အဖွဲ့ဝင်​သာ​ပြောတယ်​..ကျိုး​ဝေ့ရှင်းထက်​ အရပ်​ပိုပုတယ်​..ကျိုး​ဝေ့ရှင်းက ခန့်​ခန့်​ညားညား ဇာတ်​လိုက်​အရှိန်​အ၀ါကြီး​တွေနဲ့..ဘယ်​လိုကြည့်​ကြည့်​ seme တိုက်​ ...ပိုင်​​မော့ရှင်းကလည်း..ဘယ်​လိုကြည့်​ကြည့်​ ...uke type ...

လင်းဖန်​ရှ သူ့အ​တွေးနဲ့သူ လူယုတ်​မာ အပြုံးကြီးပြုံးပြီး​တော့ ပိုင်​​မော့ရှင်းကို ကြည့်​လိုက်​​တော့.....ပိုင်​​မော့ရှင်းက မျက်​ရည်​​တွေဝဲပြီး ကျိုး​ဝေ့ရှင်းကို ကြည့်​​နေသည်​။

ရှောင်​ဖုံး- "....."   wait a min....ဒါ ဘာအ​ခြေအ​နေကြီးလဲ... ..
သေချာ​ပေါက်​ သူတို့နှစ်​​ယောက်​ကြားမှာ တစ်​ခုခု ရှိကိုရှိရမယ်​။..

Villain SystemWhere stories live. Discover now