Ep-1(Zawgyi)

11.7K 828 60
                                    



(၁၉)ရာစု။
(၁၈၆၆)ခုနှစ်၊မြန်မာသက္ကရာဇ် (၁၂၂၈)ခုနှစ်၊ဩဂုတ်လ(၂)ရက်၊ကြာသပတေးနေ့ တွင်ဖြစ်သည်။

ကုန်းဘောင်မင်းဆက်(၁၀)ဆက်မြောက်မင်း လက်ထက်တွင် သာယာလှပနေသည့် မြနန်းစံကျော် ရွှေနန်းတော်အတွင်းသို့ ပုန်ကန်ဖို့ စီးနင်းဝင်ရောက်လာသော သားတော်ဟာ ဆင်ခြင်တုံတရား ကင်းမဲ့နေလေသူ။

ဘုရင်မင်းမြတ်ဟာ သားတော်တွေကို နန်းမွေမဆက်ခံစေဘဲ ညီတော်ကိုသာ အိမ်ရှေ့စံရာထူး ခန့်အပ်စေခဲ့ခြင်းကြောင့် ထိုအရာက ပုန်ကန်ထကြွမှုရဲ့ အဓိကအရင်းမြစ်ဖြစ်ပေလိမ့်မည်။ အနာဂတ်နိုင်ငံတော်မှာ တီထွင်ဆန်းသစ်မှုတွေ လုပ်ဆောင်ပေးမယ့် အိမ်ရှေ့စံအား သာမညမင်းသားများက လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အခါ မြို့ရိုးတံခါးမှ ဝင်ရောက်လာသော ပုန်ကန်သူတွေကို သားတော်တွေထဲမှ မင်းသားတစ်ပါးဟာ ခမည်းတော် ဘုရင်မင်းမြတ်ကို ကာကွယ်ခဲ့သည်။

ထိုမင်းသားနဲ့အတူ ခုခံကာကွယ်ရင်းအသက်ပေးလိုက်ရသော မထင်မရှား မြို့ရိုးစောင့်တပ်မှူးတစ်ယောက်ရှိခဲ့ပြီး ထိုတပ်မှူး အသက်ပျောက်၍နေဝင်ခါမှ အိမ်ရှေ့စံဘက်က တပ်သားတွေရောက်လာသည့်အခါ ပုန်ကန်သူ မင်းသားထွက်ပြေးဆုတ်ခွာသွားခဲ့သည်။

နိုင်ငံကို သစ္စာစောင့်သိသူတစ်ဦးဟာ တိုင်းပြည်ကို အသက်ပေးပြီးကာကွယ်ရမှာ အစဉ်အလာပါပဲ။ သူ၏အသက်ပေးဆပ်လိုက်ရခြင်းမှာ နောင်တကင်းလေတဲ့ ဤတပ်မှူးငယ်။ မမျှော်လင့်ထား သော်လည်း အရှင်မင်းကြီးက နန်းမြို့ရိုးရဲ့ တံခါးပေါက်တစ်ခုမှာ အစောင့်အရှောက်နယ်မြေအဖြစ် တပ်မှူးအားအပိုင်စားသတ်မှတ်စေခဲ့သည်။

ထိုအချိန်မှစလို့ ယနေ့ခေတ်တိုင်အောင် မြို့ရိုးတံခါးဝမှာ တပ်မှူးအပိုင်အဖြစ်သတ်မှတ်ပြီး သူ၏ဘွဲ့နာမည် 'အလင်္ကာဓိပတိ' ဟု အမည်တွင်လေသတည်း။

.........

(၂၁)ရာစု။
၂၀၂၀ခုနှစ်၊မေလ (၂၂)ရက်၊သောကြာနေ့။

" ရိုး ငါ့ကို အာလူးကြော်ထုပ်ပေးအုံး"

အိပ်ငိုက်နေသော မျက်လုံးတွေက အရှေ့ခန်းမှ ခင်ခင်လေးအသံကြောင့် ပြန်ပွင့်လာသည်။ထို့နောက် ပိုက်ထားတဲ့ ကျောပိုးအိတ်ထဲနေ ထုတ်ယူကာ လှမ်းပေးလိုက်ပြီး ကားမှန်ကို မှီရင်းပြန်မှေးနေလိုက်၏။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now