Ep-2(Unicode)

12.7K 1.8K 95
                                    




မန္တလေးနန်းတွင်းကြီးက အလွန်ကိုကျယ်ဝန်းလှသည်။အပြင်က ကျုံးနှင့် မြို့ရိုးကြီးကို ကာရံထားပြီး အတွင်းကို ကားဖြင့်ဝင်ပြီးတာနဲ့ နန်းဆောင်တွေရှိတဲ့ဆီသို့ လက်မှတ်ဖြတ်ကာ ခြေလျှင် ဝင်ရသည်။

တစ်ဆောင်နဲ့တစ်ဆောင် ဆင်တူနေပြီး ခန်းနားတဲ့အဆောင်တော်ကြီးတွေကြားရောက်ချိန်မှာ အရင်ခေတ်က နန်းတွင်းသားတွေနေထိုင်ပုံ၊အရှင်ဘုရင်တွေရဲ့ အဆောင်အယောင် ပုံသဏ္ဌာန်တွေကို စိတ်ထဲမှာ မြင်ယောင်ခံစားလာမိသည်။

အဖွဲ့လိုက်မဟုတ်ဘဲ တစ်ယောက်တည်းဆိုရင်တော့ မျက်စိလည်မယ့် အခြေအနေမှာရှိပြီး ကြေးနီရောင်အမိုးတွေနဲ့ ရွှေရောင်အနားကွတ် အချွန်အတက်တွေဟာ ဘုံအဆင့်ဆင့် ပုံစံဆောက်ထားတာကြောင့် ရင်သက်ရှု့မော့ဖွယ်အတိ်။

ဒါက မူရင်းမဟုတ်ဘဲ ပုံစံတူ ပြန်လည်ပြုပြင်ထားသည်ဆိုသော်လည်း ရိုး စိတ်ထဲ နန်းတွင်းအငွေ့အသက်တွေ အပြည့်ဝ ခံစားမိတာကြောင့်မမောနိုင်မပန်းနိုင် နန်းတော်ဝန်းကြီးကိုပတ်ကာ သဘောကျမိတဲ့အရာမှန်သမျှ ဖုန်းနဲ့ အကုန်မှတ်တမ်းတင်ထားသည်။

သို့သော် အချိန်ကြာလာတာနဲ့အမျှ အစကတည်းက မကြည်တဲ့ခင်ခင်လေးဟာ စိတ်မရှည်တော့ပေ။ သူမ စိတ်ထဲ ထူးခြားနေတာတစ်ခုမှ မရှိပါပဲ ဒီလိုခြေညောင်းခံနေရတာ ခံပြင်းနေပုံရသည်။

"ရိုး နင်ဆက်သွားနေအုံးမယ် ဆိုရင် နေခဲ့တော့ ငါတခြားနေရာသွားတော့မယ်"

ခင်ခင်လေးက ပြန်ထွက်ရန် ပြင်တော့​နိုင်သူက လက်ကိုဆွဲထားပြီး

"အတူတူလာတာကို အဲ့လိုမလုပ်ပါနဲ့၊ ခင်တစ်ယောက်တည်းလည်း ကိုယ်စိတ်မချဘူး"

"စိတ်မချရင် လိုက်ခဲ့လေ ကျွန်မကတော့ ဒီမှာ ဆက်ပြီး ခြေညောင်းမခံနိုင်ဘူး"

ညီဖြစ်သူနဲ့ ချစ်သူကြား အကြပ်ရိုက်နေတဲ့ အစ်ကိုနိုင်သူကို ရိုး မကြည့်ရက်တော့သလို ဒီနန်းတွင်းကလည်း မပြန်ချင်သေး။အပြင်ထွက်လေ့မရှိတာကြောင့် ဒီလိုရောက်ဖို့က မလွယ်လှပေ။

သို့ပေမယ့် အစ်ကိုနိုင်သူနှင့် ခင်ခင်လေးတင်မက စည်သူမောင်နှင့် သူဇာမေတို့ကလည်း အတွဲတွေဖြစ်တာကြောင့် သီးသန့်လွတ်လပ်စွာ အချိန်ရချင်ကြတာကို ရိုးနားလည်သည်။ဒါကြောင့်​သွားနေတာကိုရပ်လိုက်ပြီး အနောက်က လေးယောက်ဘက်လှည့်ကာ

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now