Ep -12(Zawgyi)

4.3K 457 7
                                    

"သာနုနယ"

(၁၄)နှစ်သားအရွယ် စစ်သည်ရဲမက်လေ့ကျင့်ရေး စခန်းတွင် သာနုနယရဲ့ တိုက်ရည်ခိုက်ရည် စစ်ဆေးမည့် အလှည့်ရောက်လာသည်။အတူတူလေ့ကျင့်ပေးထားသော ရွယ်တူထဲမှာ ဘုရင့်သားတော်များ အပါအ၀င် မြို့စား၊နယ်စား၊ကိုယ်ရံတော်တပ်မှူး၊တပ်ကြပ်၊ရဲမက် စသည့်တို့ရဲ့ သားယောကျာ်းလေးများ ဖြစ်ကြသည်။

စာတွေ့၊လက်တွေ့အဆင့်ဆင့် သင်ကြားပြီးသည့်နောက် တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ကာ အဆင့်သတ်မှတ်ချက်တို့ ရရှိမည်။တိုက်ပွဲကွင်းရဲ့ ဘေးဘက် စင်တစ်ခုပေါ်မှာ စစ်သူကြီး အပါအ၀င် ဘုရင်မင်းမြတ်ကိုယ်တိုင် လာရောက်ချီးမြှောက် ကြည့်ရှု့နေသောကြောင့် ရွယ်တူရဲဖော်ရဲဖက်တို့မှာ လေ့ကျင့်ထားသမျှ အစွမ်းကုန် ထုတ်ပြလိမ့်မည်။

သာနုနယ လက်ထဲက သစ်သားဓားကို တစ်ချက်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ပြိုင်ပွဲစင်ပေါ် တက်လိုက်သည်။ လေးယောက်မြှောက် အနိုင်ရထားပြီးသော ဘုရင့်သားတော်တစ်ပါးဖြစ်တဲ့ မင်းသားဒိနပတိက ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိစွာ မားမားမတ်မတ် ရပ်တည်နေသည်။ သာနုနယက ထိုမင်းသားနှင့် မျက်နှာချင်းဆိုင်ပြီးသည်နှင့် ဦးညွှတ်အရိုအသေပေးကာ လက်ထဲက ဓားအား တိုက်ခိုက်ရန်အသင့်အနေအထားကိုဝံ့လိုက်သည်။

ထိုအခါစိုးရိမ်ကြောက်လန့်ခြင်းကင်းသော ရဲရင့်သော အညိုရောင်မျက်ဝန်းများကို အကဲခတ်ရင်း မင်းသားဒိနပတိ ပြုံးတော်မူ၏။အရှေ့အချီတုန်းကလို တိုက်ပွဲရလဒ်ကိုအရင်မတွေး။ဥပတိရုပ်ရည် တည်ကြည်သော သာနုနယအား ပြိုင်ပွဲပြီးသည်နှင့် သူ၏ကိုယ်ရံတော်အဖြစ်တင်မြောက်ရန် ခမည်းတော်ထံ လျှောက်တင်ရမည်ဟု တေးမှတ်ထားလိုက်သည်။

စစ်သူကြီးရဲ့ ခပ်သြသြအသံနောက်မှာ စတင်ရန်ဆော်သြလိုက်သည်မို့ သာနုနယနဲ့ မင်းသားဒိနပတိတို့ စတင်တိုက်ခိုက်ကြသည်။ငယ်စဉ်ကတည်းက ဓားရေးကိုစိတ်ဝင်တစားရှိပြီး ဖခင်ဖြစ်သူအကြပ်တစ်ဦးမှ ပညာမလျိုအကုန်သွန်မှောက်ထားသည့် သာနုနယဟာ တော်ပေ့ဆိုတဲ့ စစ်သည်များစနစ်တကျလေ့ကျင့်သင်ကြားထားသော မင်းသာဒိနပတိနှင့် လက်ရည်ချင်းညီမျှနေသည်။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now