Ep-7(Unicode)

9.5K 1.5K 292
                                    



ဆေးရုံအခန်းတစ်ခုအတွင်း၌ လဲလှောင်းနေသော ဖြူလွလွ ကိုယ်ခန္ဓာငယ်။ သန့်စင်ပြီးသော ရေဝတ်တိုက်ထားတဲ့ လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ရင်း သက်ပြင်းချသံမကြာခဏဆိုသလို ထွက်ပေါ်နေသည်။

ကျန်တဲ့ လက်တစ်ဖက်ကို ရေဝတ်တိုက်ပေးနေသော အမျိုးသမီးက ကိုယ်တိုင် စိတ်သောက ရောက်နေသော်လည်း မိမိရှေ့မှာရှိနေသော သူရဲ့ ပုခုံးကို ဆုပ်ကိုင်ရင်း အားပေးသည်။

"သားအပြစ်မဟုတ်ပါဘူးကွယ် ဒါက မတော်တဆမှုသက်သက်ပါပဲ"

"မဟုတ်ဘူးဒေါ်လေး၊ ကျွန်တော်သာ ညီ့ကို တစ်ယောက်တည်း မထားခဲ့ရင် ဒီလို ဖြစ်မှာမဟုတ်ဘူး"

အသက်ရှူသံမှန်မှန်လေးနဲ့ အိပ်ပျော်နေသော ရိုးကို ကြည့်ကာ ရင်ထဲ မချိမတင်ဖြစ်လာသည်။ဘာရောဂါမှ ရေရေရာရာမရှိဘဲ နိုးထမလာတာဟာ နားလည်ရခက်လှ၏။ညီဖြစ်သူ ရေနစ်ပြီး ကိုမာဝင်သလိုဖြစ်တာက သူ့အပြစ်လုံးဝ မကင်းဘူး။

အခန်းထဲကို စည်သူဝင်လာတော့ အဒေါ်က ရေဇလုံယူကာ ထသွားသည်။

"နိုင်သူ ... အရှေ့မှာ ခင်လေးရောက်နေတယ် "

"ပြန်လွှတ်လိုက်"

"သူဒီကိုနေ့တိုင်းလာနေတာ တစ်ပါတ်ရှိပြီ၊ မင်းစိတ်ကို အဲ့လောက်ထိ အစွဲမထားပါနဲ့ကွာ ထွက်တွေ့လိုက်ပါ"

"ငါအစွဲ ထားနေတာမဟုတ်ဘူး စည်သူ၊ ညီက ဒီလိုဖြစ်နေတဲ့အချိန် ငါအရင်လို ခင်လေးနဲ့ အရှိတိုင်းနေဖို့ ဆိုတာ ကိုယ့်စိတ်ကို မလုံသလိုခံစားရတယ် ။ဘာပဲဖြစ်ဖြစ် ငါခင်လေးကို ခဏ ရှောင်နေချင်သေးတယ် "

"မဆိုင်တာကွာ မင်းကလည်း၊ သူဇာ ပြန်ပြောတာ မင်းထွက်မတွေ့တိုင်း ငိုပြီးပြန်သွားတယ်တဲ့ ၊ နောက်ပြီး သူပြောခဲ့တာတွေအတွက်လည်းတောင်းပန်ချင်နေတာ "

စည်သူရဲ့​စကားကို မတုန့်ပြန်ဘဲ နှဖူးပေါ်ကျနေတဲ့ သူ့ညီရဲ့ ဆံပင်တွေကို သပ်တင်ပေးနေသည်။ သို့သော် သူစိတ်မဝင်စားတာတော့မဟုတ် သပ်တင်ပေးနေတဲ့ လက်တွေ တုန်ရီနေတာကို စည်သူ အတိုင်းသား မြင်နေရသည်။

သူခင်လေးကို ဘယ်လောက်ထိ ချစ်လည်းဆိုတာ သူငယ်ချင်းတွေရော သူ့မိဘတွေပါ သိကြသည် ။မျက်နှာချင်း မဆိုင်ချင်သေးဘူးပြောတဲ့ နိုင်သူလည်း ခံစားနေရမှာ။ အမြဲအလျော့ပေးပြီးသည်းခံလာသမျှ ဒီတစ်ခါမှာတော့ အကုန်စုပြုံသွားတယ်ထင်ပါရဲ့။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now