Ep-6(Unicode)

9.7K 1.6K 169
                                    







"ဒါကတော့ မှန်နန်းဆောင်လို့ခေါ်ပါတယ် အသင်၊ နန်းတော်ဝန်းထဲမှာ ရှိသမျှ အဆောင်တော်တွေထက် အလှဆုံးအဆောင် ဖြစ် ..."

နန်းတော်ဝန်းရဲ့ အလယ်နားမှာ ဘုံ(၅)ဆင့်နဲ့ အဆောင်တော်ကြီးကိုရှင်းပြနေရင်း ရပ်တန့်သွားတာကြောင့် ရိုးသူ့ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ့ပုံစံက ရာထူးကြီးတဲ့ လူတစ်ယောက်ရှေ့မှာ ရပ်နေရသလို လက်သီးဆုပ်ကို ရင်ဘက်မှာ ကပ်၍ ဦးညွှတ်ထားသည်။ ဒီအဆောင်ကြီးရှေ့မှာ ရိုး မမြင်နိုင်တဲ့ တစ်ယောက်ယောက်ရှိနေတာလား။ကြည့်ချင်သော်လည်း ဘယ်လို ပုံစံ ရှိနေမလဲဆိုတာ မသိတာမို့ ငြိမ်ငြိမ်လေးသာ ခေါင်းငုံ့ရင်း ရပ်နေလိုက်သည်။

"ဒီမှန်နန်းဆောင်တော်ကြီးမှာ ကျုပ်တို့ရင်အရှင်မင်းတရားကြီး အမြဲစံစားလေးရှိတယ်"

အလင်္ကာရဲ့ စကားပြန်စလာမှ ခေါင်းမော့လိုက်ပြီး ထိုအဆောင်ကို ပြန်ကြည့်လိုက်သည်။ အဆောင်ထဲတော့မဝင်။ အပြင်ဘက် သုံးလှမ်း အကွာကနေ ရပ်နေသည်။

တစ်ဆောင်ပြီးတစ်ဆောင် လျှောက်သွားကာ သူပြောပြနေတာတွေကို လိုက်မှတ်နေရသော်လည်း ညောင်းတယ်လို့ မထင်ဘဲ ပျော်တောင် ပျော်နေမိသလို။ အခုမှ ဘယ်သူမှ မရှိတဲ့ တစ်ယောက်တည်း ကမ္ဘာတည်နေသလိုမျိုး။မဟုတ်သေးဘူး သူရောဆို နှစ်ယောက်တည်း ကမ္ဘာပေါ့။ အဲ ... ဟိုနှစ်ယောက်ရော ထားပါလေ တကယ်တော့ အများကြီး ရှိနေတာပါပဲ။

" အသင်မှတ်ရတာ ခေါင်းရှုပ်နေပြီလား"

"မရှုပ်ပါဘူး နားလည်တယ်၊ဒါဆို အဆောင်တွေ ကုန်ပြီပေါ့နော် "

"ကုန်သလောက်နည်းပါးပါပဲကျွန်ုပ်တို့ ပြန်ကြတော့မလားအသင် ညဉ့်လေးချက်မတီးခင် ကျွန်ုပ် မြို့ရိုးကို ကင်းလှည့်ရပါအုံးမယ်"

"ဟုတ် ပြန်ကြတာပေါ့"

တွဲထားတဲ့ သူရဲ့လက်ကို ဖြုတ်လိုက်သည်နှင့် တစ်ပြိုင်တည်း မြူတွေ အနည်းငယ်ပိုထူလာကာ မနက်ကအလင်းရောင်ထက် မှိန်သွားတာကို သတိပြုမိသည်။ဒီနေရာက နေ့ရယ်၊ ညရယ်လို့ သဲသဲ ကွဲကွဲမရှိ၊ မြူတွေကြားမှာ အလင်းပိုခြင်း မှိန်သွားခြင်းသာ ပြောင်းလဲသည်။ နေရောင်လို ရှင်းလင်းစွာ မမြင်ရ၊ညသန်းခေါင်ယံလိုလည်း အမှောင်အတိ ဖုံးမသွားဘူး။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now