Ep-10(Zawgyi)

4.7K 501 34
                                    

မှန်နန်းဆောင်ရှေ့ ဒူးထောက်ခစားနေသော ပုံရိပ် သုံးခု။တေဇ၊သီဟနှင့် အလင်္ကာတို့ဖြစ်သည်။ သူတို့ရှေ့တွင် ပုံသဏ္ဌာန်မတိကျသော အရိပ်တစ်ခုတည်ရှိနေပြီး လူတစ်ယောက်မတ်တပ်ရပ်သကဲ့သို့ ထင်ဟပ်စေသည်။

"သေချာဆုံးဖြတ်လို့ ပြီးပြီလား အလင်္ကာတပ်မှူး"

"သေချာပါပြီ"

ဒုတိယအကြိမ်မြောက် မေးသည့်အခါမှာလည်း မပြောင်းလဲသော တွေဝေခြင်းကင်းသော အသံဖြင့်သာ ဖြေကြားသည်။ သီဟက မျက်နှာမကောင်းရုံသာရှိနေသော်လည်း တေဇကတော့ ဒူးပေါ်တင်ထားသော လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

"ကောင်းပြီ အလင်္ကာတပ်မှူး ၊သင့်ရဲ့ ရွေးချယ်မှုအတွက် သင့်မှာတာဝန်ရှိသည်။ ဖြစ်လာတဲ့ တစ်စုံတစ်ရာအခက်ခဲဟာ ဒီနန်းမြို့ရိုးနဲ့ မသတ်ဆိုင်တော့ပြီ။နယ်မြေထဲက ထွက်တာနဲ့ သင့်ရဲ့ မူလသဏ္ဌာန်တည်ရှိလိမ့်မည်။အပိုင်စားနယ်မြေသို့ ပြန်လာချင်တဲ့အခါ မဆိုင်သူတွေနဲ့ မပတ်သတ်ဖို့ အသင် ကတိဝတ်ပြုပါလေ။အထူးသဖြင့် လူသားတွေနဲ့​ မပတ်သတ်မှသာလျင် နန်းမြို့ရိုးကို ပြန်လာနိုင်မည်။ အသင် လုပ်နိုင်ပါ့မလား အလင်္ကာဓိပတိ"

"ဤလူသားက အချိန်တန်ရင်မူလ ခန္ဓာကိုယ်ထဲပြန်သွားရမယ့်သူပါ၊ဒါကြောင့် သူ့ဆန္ဒကို ဒီတစ်ကြိမ်လိုက်လျောပြီးပါက ကျွန်ုပ်ကတိသစ္စာပြု၍ ဤနန်းမြို့ရိုးဆီကို အမူတော်ထမ်းဖို့ ပြန်လာခဲ့ပါ့မယ်"

"သင့်စကားတည်ပါစေ အလင်္ကာတပ်မှူး၊ ကျုပ်တစ်ခုသတိပေးချင်တာ ဘယ်အရာမှ မတည်မြဲသလို ဘယ်အရာကိုမှလည်း ပုံသေတွက်ချက်လို့ မရဘူး ။အထူးသဖြင့် လူသားရဲ့ ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်နိုင် ၊ မရောက်နိုင်ဆိုတာ မသေချာဘူး။ ဒါကို အသင်လည်းနားလည်မှာပါ။ကျရောက်လာမယ့် ပယောဂနဲ့ အသင်ပါ တစ်ပါတည်း ပျောက်ကွယ်ဖို့ စိတ်ကူးနေသလား"

"ကျွန်ုပ်သူ့ကို မူလ ခန္ဓာကိုယ်ဆီရောက်အောင် သေချာပေါက် ကူညီပေးမယ်"

"ဒါကျုပ်ပြောနိုင်တဲ့စကားအကုန်ပဲ... သွားနိုင်ပြီ"

သက်တမ်းရင့် မန်ကျည်းပင်ကြီးများကြား သူတို့သုံးဦးတိတ်ဆိတ်စွာ လျှောက်လှမ်းနေကြသည်။အလင်္ကာက အရှေ့က သွားနေပြီး ဘာစကားမှမဆိုသလိုအနောက်မှ လိုက်လာသော တေဇနှင့် သီဟတို့ကလည်း ပြောစရာတွေများနေပေမယ့် မည်သို့ အစဖော်ရမည်မသိဖြစ်နေကြသည်။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now