Ep-8(Unicode)

9.2K 1.5K 58
                                    


ရိုးရဲ့ အသံကြောင့် လှည့်လာတဲ့ အလင်္ကာက ဓားကိုဆွဲထုတ်ကာ ပိုင်းဖြတ်လိုက်တာက ဘေးနားတစ်ဝှိုက်မှာ ဝဲ ခနဲ။ နှစ်တောင်ကျော်မျှ ရှည်လျှားသော ဓားသွားဟာ လေကိုသာ ပိုင်းဖြတ်နေသော်လည်း နာကျင်စွာ ဟိန်းဟောက်သည့်အသံကြီးများနှင့် အတူ သစ်ပင်တွေပါ ယိမ်းယိုင်လာသည်။

ရိုးကိုသူနဲ့ အနီးဆုံးနေရာမှာကပ်ထားလျက် ငွေမှင်ရောင် ကနုတ်ဓားသားကိုဝင့်ကာ လက်တစ်ဖက်ဖြင့် ခုတ်ဖို့အရံသင့်အနေအထားမှာရှိသည်။ထိုဓားသွားမှာ ကပ်ငြိနေသော အနက်ရောင်ချွဲပျစ်ပျစ်အရည်တချို့ဟာ စောစောက ရိုးနာကျင်နေသော လက်မောင်းနဲ့ ခြေသလုံးမှာရှိလည်း တူညီစွာရှိနေသည်။ အလင်္ကာပိုင်းဖြတ်နေတာ ဘယ်လိုအရာတွေလဲ ဆိုတာ မမြင်ရ။ထိတ်လန့်စရာကောင်းသည်။

သူက ကျောပေးထားရာကနေ ရိုးရှိရာကို ဓားနဲ့ ရွယ်လိုက်တာကြောင့် မျက်လုံးမှိတ်ထားလိုက်မိသည်။သေချာတာက သူ ရိုးကို မခုတ်ပါ။ဓားသွားဟာ ခေါင်းအပေါ်ကနေ ဝဲပျံကာ မိမိကိုလည်း ရင်ခွင်ထဲနီးကပ်စွာ ကပ်ထားလိုက်ပြီး တစ်စုံတစ်ခုအား စိုးရိမ်နေဟန်ရှိသည်။

ပါးပြင်နဲ့အတူနားရဲ့အနီးဆုံးနေရာမှာရှိနေသောသူ့ရဲ့ ရင်ဘတ်ပြင်က အသက်ရှူခြင်းမရှိသောကြောင့်လှုပ်ရှားမနေပါ။သို့သော် မော့ကြည့်မိသော အညိုရောင်မျက်ဝန်းတွေမှာတော့ လှိုက်ဖိုမောနေသော ရင်ဘတ်ပြင်ကဲ့သို့ ဖော်ဆောင်နေသည်။

ပုခုံးကနေ လက်တစ်ဖက်နဲ့ ဆွဲဖက်ထားတဲ့အတိုင်း ရိုးရော သူရော မလှုပ်မယှက်။ထိုအချိန် တဖြည်းဖြည်းနဲ့ လေပြင်းတွေငြိမ်လာပြီး အသံနက်ကြီးတွေလည်းတိုးတိမ်သွားသည်။

လေပြည်နဲ့အတူ သပြေပန်းရနံ့သင်းသင်းလေးရလိုက်ပြီးချိန် တစ်ပြိုင်တည်း အလင်္ကာရဲ့ ဓားသွားဟာလည်း မြေပြင်နဲ့ ထိခတ်သံပေါ်လာသည်။

"ခေါင်းကို ငုံ့ထားပါ အသင် ၊ လုံးဝ လှည့်မကြည့်ပါနဲ့"

နှစ်ကိုယ်ကြား အသံဖြင့် ရိုးနားကပ်ပြောကာ မြေပြင်ပေါ်ကို ဒူးထောက်ချ လိုက်တဲ့ အလင်္ကာကြောင့် ရိုးအနည်းငယ်ကြောက်စိတ်ဝင်လာသည်။ရိုးရဲ့နောက်မှာ ဘယ်သူရှိနေလဲဆိုတာ မသိပေမယ့် သူကိုယ်တိုင် ဦးညွှတ်နေသည်မို့ တော်ရုံတော့ မဖြစ်နိုင်။

နန်းမြို့ရိုး၏ ချစ်ခြင်းအလင်္ကာ S1Where stories live. Discover now