Part (1)

3.9K 83 8
                                    

မုန်းရယ် ပြယ်ဖို့...

🌸pann

Part (1)

" ဟာ..ကိုကို့ "

" ..... "

" ကိုကို.. ကိုကို့.. "

"... "

ကိုကို့​ဘေးမှာ ဆေးလုံးတွေ ပြန့်ကြဲနေပြီး စာရွက် တစ်ရွက်..

" မောင်.. ချယ် မရှိဘဲ လူ့လောကမှာ မနေချင်တော့ဘူး "

ဘေးပတ်လည်မှာ လည်း မိန်းမ တစ်ယောက် ရဲ့ ဓာတ်ပုံ အပြည့်.. ။

ယူကြည့်လိုက်တော့ ပြုံးနေတဲ့ မျက်နှာ..

ဓာတ်ပုံ နောက်ဘက်မှာ.. မောင် ချစ်ရတဲ့ ချယ်ရီခင်

တောက်..

ဒေါ်ချယ်ရီခင်.. ခင်ဗျား နဲ့ ကျူ ပ်နဲ့ တွေ့မယ်..

.

ခြောက်လကြာပြီးနောက်..

အိမ်ပြန်လာတော့ အိမ်ရှေ့ကနေ ကားနက်တစ်စီး ထွက်လာသည်..။

ဘယ်သူပါလိမ့်.. အဖေ့ ဧည့်​သည် များလား

" မေရေ.. သမီး ပြန်လာပြီ "

" အော် သမီး ဒီနားလာဦး.. "

အမေက ခေါ်တော့ ချယ် အမေ့နား သွားလိုက်သည်..။

အဖေလည်း ရှိနေတာပဲ..

" အဖေလည်း ပြန်ရောက်နေတာ လား.."

" အေး သမီး.. ထိုင်ဦး "

အဖေနဲ့အမေ က အပြုံးပန်းတွေဆင်လို့..ဘာ အပျော်တွေများ ရှိနေကြပါလိမ့် ။

မိဘတွေ ဘာမှမပြောခင် ချယ် တောင် အပြုံးတွေ ကူးစက်လို့..

" သမီး.. "

" ရှင်..အဖေ "

" သမီးမှာ ချစ်သူ ရည်းစားများ ရှိသလား.."

ချယ်.. အပြုံး ယိုင်နဲ့သွားတာ အဖေတို့ မြင်လေမလား

ဟင့်အင်း မဖြစ်ရပါဘူး ။

ချယ် အလှပဆုံး ပြန်ပြုံးကာ..

" မရှိပါဘူး အဖေရဲ့.. ဘာဖြစ်လို့လဲ "

" အဖေ တို့ ဝမ်းသာစကား ပြောချင်လို့.. "

အမေကလည်း ချယ့်လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ပြီး ပြုံးနေသည်..

မုန်းရယ် ပြယ်ဖို့Where stories live. Discover now