Part (11)

570 43 1
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (11)

" မင်း ပြန်လာပြီလား.. "

" ဟင်.. "

ချယ့်ကို မမှန်တဲ့ ခြေသိုင်းကွက်နင်းနေရင်းက မော့ကြည့်သည်.. ။

" ဟဲ့..ဟဲ့ "

လှေကားထစ်လေး မတွေ့ဘဲ နင်းတော့ ခြေချော်ပြီး ထိုင်ကျတော့ ချယ်အပြေးလေး သူ့အနားရောက်သွားရသည်.. ။

" သေချာကြည့် မလှမ်းဘူး.. "

" ခင်ဗျား က ဘာလုပ်နေတာလဲ..  "

စေတနာ ခေါင်းပါးအောင် လုပ်ပြီ.. ။

ဒီက ပြောနေတဲ့စကားကို အဖတ်ကို မလုပ်ဘူး.. ပစ်ထားခဲ့လိုက်ရ လေတစ်ခြမ်းဖြတ်ပြီး ကိုယ်တစ်ခြမ်း ရွဲ့စောင်းသွားဦးမယ်

" ထကြည့်ဦး.. "

သူမေးတာ မဖြေနေဘဲ သူ့ကိုယ်ကြီးကိုသာ ထူမ နေရသည်..

သူမေးတာ ဖြေစရာလား.. သူတောင် ချယ်မေးတာကျ မဖြေဘဲ ' ရောင်းသူဝယ်သူ အသံတူပဲ..'  မှတ်ထား.. ။

အမလေးလေး.. လေးလိုက်တဲ့ ခန္ဓာကိုယ် ဘာတွေကြောင့်များ ဒီလောက်လေးနေမှန်းကို မသိဘူး

ဘယ်လောက် ဆွဲထူထူ အကြောမာတဲ့ သူ့ကို အားသုံးပြီး မ နေတာတောင် ကိုယ်တော်က တစ်လက်မတောင် မရွေ့သေး..။

ငါနော်..

" ရဲရင့်ညီ မင်းလည်းထဦး.. ငါချည်း ဆွဲမနေတာ မရဘူး "

" .... "

" ဟဲ့.. ကြားလား "

" ကြားတယ် "

" ကြားရင်လည်း အသံလေး ပေးဦးမှပေါ့ တကတဲ.."

ဗျစ်တောက်ပြောရင်း သူ့ချိုင်းအောက်ကို လက်လျှို သွင်း၍ လက်ကို ချယ့်ပခုံးပေါ် သိုင်းတင်ထားလိုက်သည်.. ။

" တူမလေး.. ရရဲ့လား "

နောက်ကနေ ဦးလေးသောင်းမေးတော့ ချယ် သူ့ကိုယ်ကြီးကို လက်နှစ်ဖက်နဲ့ ထိန်းဖက်ပြီး ဦးလေးဘက် အသာလှည့်ကြည့်လိုက်သည်..

" ဟုတ်ကဲ့ ရပါတယ်.. ဦးလေး လည်းနားတော့နော် တံခါး ပိတ်ပြီးပြီမလား "

မုန်းရယ် ပြယ်ဖို့Where stories live. Discover now