Part (17)

548 45 3
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (17)

" မင်း မပြန်သေးဘူးလား.. "

ရုံးကို အကြောင်းမကြား ဘာမကြားနဲ့ ရောက်ချလာပြီး ရှေ့မကြည့် ဘေးမကြည့် နောက်မလှည့်ဘဲ လုပ်ချင်သလို လုပ်ထားတာလေ..

ပါးစပ်ကလည်း ခွင့်တောင်းလာပါတယ်တဲ့..။

ဘယ်သူ့နား ဘာကိုခွင့်တောင်းနေမှန်းလည်း မသိ.. အကြောင်းရာ မခိုင်လုံဘဲ ပြောချင်ရာ ပြောနေတာ စလယ်ဆုံး တစ်ခုမှ နားမလည် လိုက်

လူကို အတင်းဖက်ထားတာမို့ ဇွတ်ခွာပြီး အလုပ်ပြန်လုပ်နေတာ.. ။

ချယ် သူ့ကိုအချိန်မပေးရင် သူလည်း ပြန်သွားမယ် မှတ်နေတာ.. အခုတော့ အထင်နဲ့ တက်တက်စင်ကို လွဲရောပဲ

မပြန်တဲ့အပြင်ကို ရုံးခန်းမှာ ထားထားတဲ့ ခုံမှာထိုင်ပြီး မေးထောက်ကာ မျက်တောင် မခတ်ဘဲ ချယ့်ကို ထိုင်ကြည့်နေပြန်တာလေ.. ။

အစကတော့ သိပ်ကြာကြာ မကြည့်နိုင်လောက်ပါဘူး ဆိုပြီး လွှတ်ထားမိတာ.. အခုတော့ မရ

လူကို အဲ့လို စိုက်ကြည့်နေတာ ဘယ်လိုမှ မနေတတ်.. သူများတွေအဖို့တော့ ချယ် မသိ.. ချယ် သိတာက မနေတတ်တာ ပဲ ။

မကြိုက်တဲ့ အရိပ်ရောင်လုပ်ပြနေလည်း ဂရုမစိုက်..ကြည့်မြဲတိုင်း ကြည့်ဆဲ

ဒီတော့ နှင်ထုတ်ရပြီလေ.. ။

" ဟင့်အင်း.. မပြန်သေးပါဘူး "

" မင်း အလုပ် မရှိဘူးလား.. "

" ရှိရင်လည်း ရှိမှာပေါ့.. မောင် ဘယ်သိမလဲ "

" တော်တော် ရောင်းအားကောင်းဦးမယ်.. ပိုက်ဆံ အများကြီး ဝင်လာနေဦးမယ် ပိတ်ထား သက်လား.. "

" မ ရှိနေတာပဲ.. မောင် က အေးဆေး "

" ငါကငါ မဆိုင်ဘူး.. ယောကျာ်းဖြစ်ပြီး ငါ့လက်အောက် ငါ့အရိပ်မှာ ဝင်ခိုတတ်တဲ့ ယောကျာ်း ငါ မကြိုက်ဘူး နော် "

ချယ် ဘယ်လောက် မိုးပျံနေအောင် ထူးချွန်နေပါစေ.. ချယ့်အရိပ်အာဝါသ မှာ မှီခိုမယ့် ယောကျာ်း တော့ မကြိုက်ပါ

မုန်းရယ် ပြယ်ဖို့Where stories live. Discover now