Part (23)

596 43 3
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (23)

ရဲရင့်ညီ မရဲ့စာအုပ်ဖတ်ရင်းက လက်ထဲကနေ လွှတ်ကျသွားရသည်..

ကိုကို..ကို ကျစ်

ဖြစ်နိုင်ရင် ကိုကိုလို့လည်း မခေါ်ချင်တော့ပါ..ညီအစ်ကို လည်း မတော်ချင်တော့ပါ သူနဲ့တစ်ပုံစံထဲ ဖြစ်နေတဲ့ ကိုယ့်ရုပ်ကိုလည်း မကျေနပ်ပါ..။

ကိုကို ဆိုတဲ့လူ ရဲ့အချစ်က သူ့အတွက် သူပဲ ကြည့်ခဲ့ပါလား..ဆိုတဲ့အသိ ဝင်လာသည်

' ငါ့ကို အချစ်မကြီးပါနဲ့.. ' လို့ မ ပြောလိုက်တဲ့ စကားကို ပြန်ကြားယောင်မိကာ စိတ်ထဲ နွမ်းလျ သွားရပြန်သည် ။

ဘယ်လောက်တောင် ကြောက်နေခဲ့တာလဲ..မ ။

မ ရဲ့အကြောက်တရားက ဘယ်အတိုင်းတာထိ တည်ရှိနေတာလဲ..

မ ကြောက်နေတဲ့အရာမျိုး မောင် တစ်ထပ်တည်း လိုက်မလုပ်ပါဘူး..မ ။

မောင် ကတိပေးတယ်.. ကတိပေးတာကို အလွယ်တကူ မယုံတတ်တဲ့ မကို မောင်ပေးတဲ့ကတိ တည်အောင် လုပ်မယ် မ ။

စာအုပ်တွေ ဖုန်းတွေ ဓာတ်ပုံ တွေကြား အားပျော့စွာ ထိုင်နေမိသည်..

ဖုန်းလာလို့ ကြည့်မိတော့ အမ ပပ ဆီက ဖြစ်နေသည်.. ။

" ဟယ်လို အမ.. "

အသံကို တည်ငြိမ်နေအောင်ထားကာ ပြောနေမိသည်..။

" ရဲရင့်.. တွေ့မယ်ဆို တွေ့ရအောင် လေ အခု အားတယ် "

မနက်က တဂွမ်​ဂွမ်​ ဖုန်းဆက်ထားပြီး အခုမှ မတွေ့ဘူးလို့် ပြောလိုက်ရင် အားနာစရာ တွေ ဖြစ်ကုန်တော့မှာမို့ သွားဖို့ ဆုံးဖြတ်လိုက်သည်..

" ဟုတ်ကဲ့ အမ.. ဘယ်မှာတွေ့မလဲဗျ "

" အမတို့ ထိုင်နေကျ ကော်ဖီဆိုင် ကို လာခဲ့လေ.."

" ဟုတ်ကဲ့ "

ဖုန်းချပြီး ဓာတ်ပုံ  စာအုပ် ဖုန်းကို ယူကာ အိမ်ကထွက်ခဲ့လိုက်သည်.. ။

ဒါတွေ အစဖျောက်ပစ်ဖို့..

.

ကားပေါ်ကဆင်းပြီး ဆိုင်တံခါးဖွင့်မို့ ရှိသေး လက်ထဲ မရဲ့ဖုန်း နဲ့စာအုပ် ယောင်ရမ်းပါလာတာ တွေ့တော့သည်..

မုန်းရယ် ပြယ်ဖို့Where stories live. Discover now