Part (3)

745 46 1
                                    

မုန်းရယ် ပြယ်ဖို့..

🌸pann

Part (3)

" ခင်ဗျား အောက်မှာပဲ အိပ်.. "

အခန်းထဲ ဝင်ဝင်လာချင်း ကုတင်ပေါ်မှာ လှဲအိပ်နေရင်းကနေ ခေါင်းအုံးပစ်ပေးသည်.. ။

ခေါင်းအုံးက ကိုယ့်ခြေရင်းမှာ ပုံကျလို့..

" စောင် က ဗီဒို အောက်ထပ်မှာ ရှိတယ်.. "

ပြောချင်ရာပြောပြီး ကျောပေးလှည့်သွားပြီ ။

" မင်း မမြင်ချင်ရင် ငါ ဟိုဘက်ခန်းမှာ သွားအိပ်ပေးမယ်.. "

" မလိုဘူး.. ဒီအခန်းမှာ အိပ် ဘယ်အခန်းကိုမှ ခြေလှမ်းဖို့ မစဉ်းစားနဲ့ ခင်ဗျား ကျူ ပ်ပြောသလို မလုပ်လို့ကတော့ ကျူ ပ်လည်း ဒေါသနဲ့ဘာထ လုပ်မိမယ် မသိဘူး မှားသွားရင်လည်း ကိုကို့လို ဒူးထောက်တောင်းပန်လိမ့်မယ် မထင်နဲ့.. "

" ..... "

ပြောမနေချင်ပါ..

ဒီကောင်လေး အားအားရှိ သူ့အကို ကိုပဲ ခလုတ်တိုက် ပြီး ပြောပြောနေတာ.. တနေကုန် ကိုကို ဆိုတာကြီး ပါးစပ်က မချ ။

နေ့လယ်က စကားများပြီး မျက်နှာချင်း သိပ်မဆိုင်ဖြစ်.. သူက အပေါ်ထပ်မှာပဲ နေပြီး ချယ်က အောက်ထပ်မှာပဲ နေနေခဲ့တာလေ..

ညနေစာ စားဖို့ သွားခေါ်တော့ ဒေါသခိုးနဲ့စူပုပ်ပြီး လာစားသွားသေးသည် ။

ကိုယ့်မျက်စိထဲမှာတော့ ကိုယ့်ကို မုန်းနေတဲ့သူလို့ မမြင်မိဘဲ ကလေးတစ်ယောက် စိတ်ကောက် နေသလိုမျိုး မြင်နေခဲ့တာလေ..

အခုလည်း ဘာထူးလဲ.. ။

အောက်မှာပဲ အိပ်ဆိုပြီး ခေါင်းအုံး ပစ်ပေးလိုက် စောင်ယူဖို့ ပြောလိုက်နဲ့.. ဒါတောင် လူကို မကြည့်ဘူး ကျောပေးပြီး ပြောချသွားတာ

ဧည့်သည် ခန်း သွားအိပ်လည်း မရ.. တခြားခန်းမှာ သွားအိပ်ပါမယ်ဆိုလည်း မဟုတ် တစ်ခန်းထဲကျ ပြန်တော့လည်း အတူမအိပ်နိုင်ဘူး တကယ့်ဂလန့်စာပဲ ။

စောင်ထုတ်ယူကာ သေချာခင်းကျင်းပြီး သူ့ကို ကျောပေးအိပ်လိုက်သည်..

မုန်းရယ် ပြယ်ဖို့Where stories live. Discover now