Part (9)

524 40 0
                                    

မုန်းရယ် ပြယိဖို့..

🌸pann

Part (9)

" အဒေါ် ရောက်ပြီလား.. "

" အေး.. သား ဆီက သတင်းရရချင်း တန်းတက်လာလိုက်တာ "

" ဟုတ်ကဲ့..ရပါတယ် ကျွန်တော် လည်း အလောတကြီး လှမ်းခေါ်လိုက်သလို ဖြစ်သွားတယ် အေးအေးဆေးဆေး အနားယူလို့ ပြောထားပြီးတော့ "

" မဟုတ်တာ သားရယ်.. ရပါတယ် သား ဇနီးရော "

" သူ အပေါ်မှာ အနားယူနေတယ်.. "

" သူစားဖို့ တစ်ခုခု လုပ်ပေးရမလား "

" မဟုတ်တာ အဒေါ်လည်း ပင်ပန်းလာတာပဲ..အေးဆေး အနားယူလိုက်ပါ "

" ရပါတယ် ဒီလောက်ကတော့.. "

" ကျွန်တော် မရလို့ပါဗျာ.. သူ့ကိုလည်း ကျွန်တော် ဆန်ပြုတ် တိုက်ထားပြီးပြီ အဒေါ် အနားယူလိုက်ပါ ကျွန်တော်ပဲ သူ့နားနေလိုက်မယ် "

ဒီတော့မှ ဒေါ်မြအေး သဘောပေါက် ကာ ပြုံးပြီး ခေါင်းညိမ့်မိသည်..

ရဲရင့်ညီ အဒေါ် ဘာကြည့်ပြီး ရယ်နေမှန်း မသိပေမယ့် ပြန်မမေးမိ.. အပေါ်ထပ်သာ တက်ခဲ့လိုက်သည်..

အခုမနက် နိုးပြီး ဆန်ပြုတ် တိုက် ဆေးတိုက်ပြီးပြီ.. ပြီးမှ တရေးပြန်အိပ်ခိုင်းထားလိုက်တာ ညက အိပ်မက်ဆိုးမက်ပြီး တစ်ရေးနိုးထားတော့ အားပြည့်အောင် ပြန်အိပ်ခိုင်းထားလိုက်တာ အခုထိ မနိုးသေးဘူးလား မသိ ။

အနားသွားထိုင်ပြီး နဖူးအသာစမ်းတော့ ကိုယ်ပူကရှိနေသေးတုန်း.. ဦးဝင်းစိုး ကို ဖုန်းဆက်ပြန်ခေါ်မှ ရမယ် ။

" အင်း.. "

ကိုယ်လေးတစ်ချက် တွန့်လာတော့ ..

" နိုးပြီလား.. "

" အင် "

မျက်လုံး ဖြင့် မဖွင့်ရသေးဘူး ' အင် ' နေတာက.. ။

" ထ.. အမြဲအိပ်နေရင် ခေါင်းမူးလိမ့်မယ် "

" ဟင် "

" ထပါဗျာ.. "

လက်ကနေ အတင်းဆွဲထူပြီး ခေါင်းအုံးမှီကာ ထိုင်ခိုင်းလိုက်သည်..

" သက်သာလား.. မဟုတ်ရင် ကျွန်တော် အခု ဦးဝင်းစိုး ကို ဖုန်းဆက်လှမ်းခေါ်မလို့ "

မုန်းရယ် ပြယ်ဖို့Where stories live. Discover now