Part (4)

619 50 1
                                    

မုန်းရယ်ပြယ်ဖို့..

🌸pann

Part (4)

" ဟယ်လို အဖေ.. "

" သမီး.. အဆင်ပြေရဲ့လား "

" ဟုတ်ကဲ့ ပြေပါတယ် ဖေ.. အဖေတို့ရော နေကောင်းရဲ့လား "

" အဖေတို့ကတော့ ကောင်းပါ့ "

" နေကောင်းအောင် နေပါနော် ဖေ.. တစ်ခုခုဆို သမီးကို လှမ်းအကြောင်းကြား "

" အေးပါ.. သမီးတို့ လင်မယားရော အဆင်ပြေလား သမီးလည်း အဲ့အိမ်ရောက်မှ အဖေတို့်ကို ဖုန်းတောင် မဆက်ဘူး "

အဖေ ပြောတဲ့ စကားကြောင့် မျက်နှာပူပြီး ထူအမ်းအမ်း ဖြစ်သွားရတာလေ.. ။

ဒို့အဖေတို့ကတော့ ကိုယ့်သမီးကို ဘယ်လိုများ ပြောလိုက်ပါလိမ့်..

" အဲ့လိုလည်း မဟုတ်ပါဘူး ဖေရဲ့.. "

" ဟားဟား.. ဖေ့သမီးက ရှက်နေတာလား "

ကဲ ပြောမှ ပိုဆိုးနေပါလား.. ။

ငါနော်.. ဖုန်းချလို့ကလည်း မဖြစ် ဆက်ကိုင်ဖို့ကျတော့လည်း မဟုတ်ပြန်

ရှင်ချင်တယ်.. ရှင်ချင်တယ် ။

" အမေ ရော.. အိပ်ပြီလား "

အဖေ့ကို ဘူတာ ပြောင်းအောင် လမ်းကြောင်း ပြောင်းလွှဲရသည်.. ။

" ရှိပါ့ ဘုရားရှိခိုးနေတာ.. အခု ပြီးပြီ ခင် ရေ သမီးက ဖုန်းပြောချင်လို့တဲ့ "

" လာပြီ လာပြီ.. "

ချယ် ဖုန်းထဲက အသံတွေ နားထောင်ရင်း ပြုံးမိပါသေးတယ်.. ။

" ဟယ်လို..သမီး "

" အမေ နေကောင်းလား "

" ကောင်းပါ့တော် ကောင်းပါ့.. သမီးရော သားနဲ့ အဆင်ပြေလား "

" ဟုတ် ပြေပါတယ် ".

မပြေစရာ အကြောင်းမှ မရှိတာ ။

" သား ရော.. ဘေးမှာ ရှိလား "

ချယ်.. နှုတ်ခမ်း မသိမသာ ဆူမိပါသည်.. ။

ကိုယ့်သမီး အရင်းခေါက်ခေါက်ကို ကျော်ပြီး သမက်ကိုမှ မေးရတယ်လို့..

" စာကြည့်ခန်းထဲမှာ ရှိတယ်.. "

" အေ အေး.. သမီး ကိုယ့်လင်ကို အနိုင်မယူရဘူးနော် လင်ကို ဘုရားသဖွယ် ရိုသေရမယ် "

မုန်းရယ် ပြယ်ဖို့Where stories live. Discover now