Part (5)

601 49 5
                                    

မုန်းရယ် ပြယ်ဖို့..

🌸pann

Part (5)

" ရဲရင့်ညီရေ.. မပြီးသေးဘူးလား "

ဒီနေ့ အဖေတို့ဆီ သွားပါမယ်ဆိုမှ သူက ဘာတွေလုပ်နေလို့ ကြာနေလဲ မသိ.. ။

ဒီလိုဖြစ်မှာစိုးလို့ ညကတည်းက သေချာ ပြောထားတာ မဟုတ်ဘူးလား..

အခုလည်းကြည့် ကိုယ်က အော်ခေါ်နေသလောက် ကိုယ်တော်က ပါးစပ်ပေါက်မပါတဲ့အတိုင်း တိတ်ဆိတ်လို့.. ။

ငါနော်.. ဒါတွေ စိတ်မရှည်တာပဲ

အနားသွားပြီး ခေါင်းကို တဂွက်ဂွက် ခေါက်ပစ်လိုက်ချင်ရဲ့.. ဘယ်လို နားကတ်ကြားမှန်းကို မသိဘူး ။

" ရဲရင့်ညီ.. "

ကိုယ်က လှေကားအောက်ခြေကနေ အပေါ်မော့ကာ ထပ်ခေါ်တော့..ကိုယ်တော်က အကျီ င်္လက်ခေါက်တင်ရင်း ဆင်းလာရင်း ကိုယ့်ကိုတောင် ပြန်ပြောသေးတယ်..။

" ခင်ဗျား ဘာလို့ အဲ့လောက် အော်ဟစ်နေရတာလဲ.. "

အံမယ်.. သူကပဲ တပြန်ဟောက်ရတယ် ရှိသေး

ပြန်ဟောက်လိုက်လို့ ဇက်ပုသွားဦးမယ်..။

စိတ်လျှော့..စိတ်လျှော့

" မင်း မပြီးသေးဘူးလားလို့ အမြန်ပြီးအောင် လုပ်ဖို့ ခေါ်လိုက်တာ.. "

" မနက်အစော နားတွေကျွတ်ကျွတ်ညံလို့.. "

" နားညီးမခံချင်ရင်လည်း ငါတစ်ခါပြောရင် မင်းဘက်က တန်း respond ပေးပေါ့.. "

" စိတ်ကိုမဝင်စားတာ.. "

" ဒါဆိုလည်း နားညီးသာ ခံလိုက်.. "

" .... "

ဟော..ကြည့် ပြန်မပြောဘူး ။

ငါနော်.. ဒီကောင်နဲ့ဘယ်လို နှစ်ပါးသွားရပါ့

" ပြီးပြီမလား.. သွားရအောင် "

" ကျွန်တော် ခင်ဗျားကား မစီးဘူးနော်.."

" အတူသွားမှာပါဆိုမှ.. ငါ့ကားမစီးလို့ တစ်ယောက်တစ်ကား သွားလို့မရဘူးနော် ငါ့မိဘတွေ တစ်မျိုးထင်လိမ့်မယ် "

" ဒီလောက်ကတော့ ကျူ ပ် သိပါတယ်.. "

ဒီကောင်လေး အခုရက်ပိုင်းအတွင်း စကားပြောတာ သတိထားမိသည်.. တစ်ခါတစ်ခါကျ ကိုယ့်ကိုယ်ကို ကျွန်တော် လို့ သုံးပြီး တစ်ခါတစ်ခါ ကျ ကျူ ပ်လို့ သုံးတတ်သေးတယ် ။

မုန်းရယ် ပြယ်ဖို့Where stories live. Discover now