Part (14)

537 43 4
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (14)

" အား... "

ချလောက်..

မ အော်သံကြားလို့ ရဲရင့်ညီ အိပ်ပျော်နေရာကနေ လန့်နိုးပြီး မီးအမြန်ဖွင့်လိုက်ရသည်..

" မ.. ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ "

မြင်လိုက်ရတဲ့ မျက်နှာက တွန့်ချိုးနေတော့ လန့်နေရပြီ.. ။

ဘာများဖြစ်လို့လဲ အတော်လေး သိချင်နေပြီ..

" ..... "

" မ ဘာဖြစ်တာလဲဆို.. "

ဒီက သိချင်လွန်းနေပြီ.. ဒါကို အခုထိအေးဆေးငြိမ်နေသေးတော့ အားမလိုအားမရ ဖြစ်ကာ ပြန်မေးရပြန်သည်.. ။

ချယ့်ကို ဒူးထောက်ပြီး ပခုံးကိုင်လိုက် မျက်နှာကိုင်လိုက် လက်မောင်းကိုင်လိုက် လက်ကိုင်လိုက်လုပ်​နေတဲ့ ရဲရင့်ညီ..

ဖြစ်တာက ချယ်.. ယောက်ယတ်ခတ် နေပြီး အငြိမ်မနေ မျောက်တစ်ကောင် ဖြစ်နေတာက ရဲရင့်ညီ ။

သူ့ကြည့်ပြီး ကိုယ်ကမျက်စိနောက်လာကာ မူးတောင်လာသည်..

" မင်း က ဘာဖြစ်နေတာလဲ "

ကြည့်.. ကိုယ်မေးတာက တစ်ခု ဖြေလိုက်တာက တခြား..။

" မ ဘာဖြစ်လို့ အော်တာလဲလို့.. "

ဒီတော့မှ ချယ် သတိပြန်ရပြီး သူ့ကိုမျက်စောင်းထိုးကြည့်လိုက်သည်..

ဟောဗျာ.. ဒါက ဘယ်လို ဖြစ်ရတာလဲ ။

ကိုယ်က ဘာမှမလုပ်မိပါဘဲ အသားလွတ် မျက်စောင်းထိုးကျွေးခံနေရတယ်လို့..။

" မ ဘာဖြစ်လို့ လဲ... "

" မင်းကြောင့်လေ.. "

မြတ်စွာဘုရား..

ဘာဆိုဘာမှ မလုပ်မိပါဘဲ အိပ်ပျော်နေတာကို အခု မင်းကြောင့် ပါဆိုပြီး  လက်ညိုးထိုး ပုဒ်မ တပ်နေလို့ပါလား ။

" မောင် ဘာလုပ်လို့လဲ..မ ရ "

မောင် ဘာလုပ်လို့လဲ တဲ့.. ။

" ..... "

" ဟင်.. ပြောလေ မ ရဲ့ "

" ...... "

မုန်းရယ် ပြယ်ဖို့Where stories live. Discover now