Part (13)

555 46 1
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (13)

" မ.. "

သူ မ နေတာ ရက်အတော်ကြာနေပြီမို့ မပြောနေတော့ပါ.. တော်ကြာနေ မလိုအပ်ဘဲ စကားရှည်နေမှာစိုးလို့ ။

" အင် "

" မ မနက်ဖြန် အလုပ်မသွားပါနဲ့လား.. "

ဘာဖြစ်ရပြန်တာလဲ.. ။

" ဘာဖြစ်လို့လဲ "

" မောင့်အလုပ် ကူပေးခိုင်းမို့.. "

ချယ် မျက်စောင်းထိုးလိုက်မိပါသည်.. ။

တဆိတ်လောက် ရဲရင့်ညီ.. မင်း လွန်ပြီလို့ မထင်ဘူး လား

ကိုယ့်ကို သူ့အလုပ်မှာ ခန့်အပ်ထားတဲ့ တာဝန်သိ စေတနာ့ဝန်ထမ်းများ မှတ်ထားလေသလား..။

မိန်းမ တစ်ယောက် ဦးဆောင်နေတဲ့ အလုပ်ကို ဘာလေးကူညီပါဦး..ဘာလေးလုပ်ပေးပါဦး ဘယ်လိုလေး နေပေးပါဦးလို့ တစ်ခါမှ မတောင်းဆိုဖူးဘူး

သူ့ကိုဒီလိုပြောလိုက်ရင်လည်း ' ခင်ဗျားက မာနကြီးနေတာကို ' ဆိုတာကြီးက ပါ လာတော့မှာ..သိနေတယ် ။

မဆိုင်ရာ လှမ်းလှမ်းဆွဲတတ်တာက သူ့အကျင့်..ဒါကို သိနေတဲ့ ကိုယ်ကပဲ ခေါင်းငုံ့ နေရတာမလား

အာ့ကြောင့် များများသိ များများတတ်တာ ဘေးဖြစ်တတ်ပါတယ်ဆို..

သူကိုယ်တိုင် ဦးဆောင်နေတဲ့ အလုပ်ကျ ချယ်တို့က လက်ယားလက်ယား ပါ ပါနေရတာတော့ မဟုတ်သေး.. ချယ့်အခန်းကဏ္ဍက သူ့အလုပ်အတွက် အရေးမှ မပါတာ ။

ဟိုတစ်ခါကလည်း သူ့showroom အတွက် ပွဲထုတ်ရင်း ချယ့်ကိုပါ သူ့ဇနီးမယားပါလို့ ကြော်ငြာမောင်းခတ်ပြီး မီဒီယာတွေကတဆင့် အသိပေးလိုက်တာလေ..

အခုလည်း ကျွန်တော့မျိုးမကြီးကို အသုံးတော်လိုပြန်ပါတယ် သတဲ့..။

" မင်းကို ငါ ဘယ်လိုကူညီရဦးမှာလဲ.. ငါမှ မင်းရတနာပစ္စည်းတွေကြောင်း နားမှမလည်တာ "

" မ ကို ရတနာပစ္စည်းနဲ့ အလုပ်လုပ်ရပါမယ်လို့ ကျွန်တော် ပြောလား.. "

ငါ တယ်.. ခေါက်ထည့်လိုက်ရ မကောင်းရှိတော့မယ် ။

သူ့လုပ်ငန်းက ကျောက်မြတ်ရတနာတွေ စိန်တွေနဲ့ လုပ်ရတဲ့လုပ်ငန်းလေ.. ဒါကိုရတနာနဲ့ အလုပ်မလုပ်ရဘူး ဆိုတော့ ချယ်က ဘာသွားလုပ်ရမှာလဲ..

မုန်းရယ် ပြယ်ဖို့Where stories live. Discover now