IF I Loved Him Episode {1}

12.7K 207 0
                                    

Zawgyi#

ဖြာကျနေသောလရောင်အောက်တွင်ရှိနေသော၁၆နှစ်သားအရွယ်ကောင်လေးတစ်ယောက်။~~~

သူကသူ့၏မိခင်ပေါင်ပေါ်တွင်အိပ်ကာကောင်းကင်ကြီးကိုကြည့်နေသည်။

သူ၏မိခင်ကသူ့ခေါင်းလေးကိုဖွဖွလေးကိုင်နေမိသည်

"မေမေ သား၁၀တန်းအောင်ရင်မန္တလေးကျောင်းသွားတက်လို့ရမလား?"
သားဖြစ်သူစကားကြောင့်မိခင်ဖြစ်သူဒေါ်နန်းဝေလွင်တုံ့ဆိုင်းသွားသည်။

"မသွားရပါဘူး။ငါ့သား၁၀တန်းအောင်ရင်နိုင်ငံခြားအမေတို့ကပို့ပေးမှာ"
မိခင်ဖြစ်သူကပညာသားပါပါငြင်းလိုက်သည်။

"အမေကလည်းသားကကိုယ့်နိုင်ငံကတက္ကသိုလ်ကျောင်းလေးတက်ချင်တာကို။"

လရောင်ခန့်ကသူရဲ့ပန်းနုရောင်နှုတ်ခမ်းလေးကိုဆူပုတ်ရင်းပြောလိုက်သည်။

"အမေကလည်းငါ့သားလေးကိုနိုင်ငံခြားမလွှတ်ရက်ပါဘူး။ဒါပေမယ့်....."
မိခင်ရဲ့တုံ့ဆိုင်းသွားသောစကားကြောင့်လရောင်ခန့်တုံ့ဆိုင်းသွားသည်။

လရောင်ခန့်သဘောပေါက်ပါသည်။

လရောင်ခန့်ကအဖမဲ့သားလေးတစ်ယောက်။ဖခင်ကကွယ်လွန်သွားပြီးဖြစ်၍မိခင်ဖြစ်သူဒေါ်နန်းဝေလွင်ကပဲအလုပ်တစ်ဖက်နှင့်ကျွေးမွေးစောင့်ရှောက်ခဲ့ခြင်းပင်။Hotel နှင့် ခရီးသွားလုပ်ငန်းကိုဉီးစီးလုပ်ကိုင်ရသည်မို့မသက်သာလှ။လရောင်ခန့်တို့နေတာကတောင်ကြီးမှာ။တောင်ကြီးမှာလည်းMoonlightခရီးသွားလုပ်ငန်းကိုလရောင်ခန့်အမေကပဲဉီးစီးထားသည်။သူ့ကို၁၆နှစ်လုံးလုံးလူလုံးလှအောင်ကျွေးမွေးစောင့်ရှောက်ပြီးပြီ။သူမလုပ်ငန်းကိုသားဖြစ်သူလရောင်ခန့်ထံလွှဲပြောင်းချင်လှပြီ။သားဖြစ်သူကမရင့်ကျက်သေးတာမို့ဒေါ်နန်းဝေလွင်အဖို့စိတ်ပူရသည်။

သူမ၏တစ်ဉီးတည်းသောသားလေးကိုမခွဲရက်သော်လည်းနိုင်ငံခြားသို့စေလွှတ်ပြီးစီးပွားရေးပညာကိုကျွမ်းကျွမ်းကျင်ကျင်သင်စေချင်သည်။သို့သော်သားဖြစ်သူကပြည်တွင်းတက္ကသိုလ်များကိုသာတက်ရန်တာစူနေသည်။တစ်ဉီးတည်းသောသားလေးပေမို့အလိုလိုက်ရပေတော့မည်။ဘာပဲဖြစ်ဖြစ်သားလေးသူမ၏စီးပွားရေးကိုလက်လွှဲယူနိုင်ရင်ပဲကျေနပ်ပါပြီဟုဖြေသိမ့်လိုက်ရတော့သည်။

IF I Love Him{သူ့ကိုချစ်မိလျှင်}  (Z& U)Where stories live. Discover now