If I Love Him Episode(5)

1.9K 78 1
                                    

Zawgyi#
ကောင်းကင်လင်းသတိရလာတော့ဘေးမှာအိပ်နေသောလရောင်ခန့်ကိုတွေ့လိုက်ရသည်။
"စာအုပ်ကြီးက ငါ့ကိုဂရုစိုက်တယ်တဲ့လား။မနေ့ညကငါသူ့ကိုပြောခဲ့တာတောင်မှလေ။"ကောင်းကင်လင်းတွေးမိသည်။
မှိတ်နေသောမျက်လုံးတစ်စုံနှင့်ရှည်စင်းနေသောမျက်တောင်လေးတွေကယောက်ျားလေးတစ်ယောကါဟုထင်ရက်စရာမရှိအောင်ချောမောနေသည်။စာအုပ်ကြီးဖြစ်နေသည်ကလွှဲရင်အကုန်လုံးကချစ်စရာကောင်းနေသည်။ကောင်းကင်လင်းလိုယောက်ျားစင်စစ်ပေလျှင်ကြွေသွားနိုင်လောက်အောင်သူကချောသည်။
"ဟာ!"ငါဘာတွေတွေးနေတာလဲကွာ။သူကယောက်ျားလေးတစ်ယောက်လေ။"ကောင်းကင်လင်းစိတ်တွေကိုမနည်းချုပ်ထိန်းထားလိုက်ရသည်။
လရောင်ခန့်ကစောင်ကိုဖိထားသောကြောင့်ကောင်းကင်လင်းတစ်ယောက်ထမရပြုမရဖြစ်နေကာမယိုးမယြွဖစ်နေမိသည်။
လှုပ်ရှာသံကြောင့်လရောင်ခန့်သတိရလာကာ
"နိုးပြီလား?"ရေခဲသေတ္တာထဲမှာအကုန်ရှိတယ်။ဆန်ပြုတ်ဖြစ်ဖြစ်လုပ်စားလိုက်။ငါသွားနားတော့မယ်။
"ဗျာ"
လရောင်ခန့်စကားကြောင့်ကောင်းကင်လင်းအံ့သြသွားသည်။ခုနကမှသူ့အပေါ်ကောင်းနေ၍စိတ်ကောင်းလေးဝင်မလို့ရှိသေး။အခုကြီးပြောတော့ကောင်းကင်လင်းတစ်ယောက်စိတ်ပျက်သွားသည်။ထို့နောက်ခပ်တည်တည်နှင့်ပင်မျက်နှာထားကိုပြင်ကာ
"ငါအားမရှိဘူး!"
ကောင်းကင်လင်းစကားကြောင့်အခန်းထဲမှထွက်သွားရန်ပြင်ဆင်နေသောလရောင်ခန့်တစ်ယောက်ကောင်းကင်လင်းကိုတစ်ချက်လှည့်ကြည့်လိုက်သည်။
"အဲ့တော့။ငါလုပ်ပေးရမှာလား?"လရောင်ခန့်အမေးစကားကိုကောင်းကင်လင်းကခေါင်းတစ်ချက်သာငြိမ့်ပြီးဖြေသည်။
"ရတယ်လေ"လရောင်ခန့်စကားကြောင့်ကောင်းကင်လင်းမျက်နှာဝင်းသွားသည်။
"ဆန်ပြုတ်တစ်ပွဲ ၁၅၀၀"
လရောင်ခန့်စကားကြောင့်ကောင်းကင်လင်းလန့်သွားပြီးပါးစပ်တောင်ပြန်မစေ့နိုင်အောင်အံ့သြမိသည်။
"ဈေးကြီးလိုက်တာ။တော်တော်စီးပွားရေးဆန်တဲ့ကောင်ပဲ။ဒီကောင်တစ်နေကုန်ငါကိုလုပ်ပေးခဲ့တာမှဟုတ်ပါ့မလား"ဟူ၍ပင်သူတွေးမိသည်။မိမိကိုယ်တိုင်ကပင်ဖျားထား၍အားမရှိသောကြောင့်သဘောတူခေါင်းငြိမ့်လိုက်ရတော့သည်။
လရောင်ခန့်ထွက်သွားပြီးတစ်နာရီခန့်အကြာပြန်ရောက်လာသည်။
ကောင်းကင်လင်းကတော့အားပြတ်နေသဖြင့်မှေးနေလိုက်သည်။
"ရပြီ။သောက်တော့"လရောင်ခန့်ဝင်လာပြီးလက်ထဲမှလည်းအဖြူရောင်ကြွေပန်းကန်လုံးနှင့်ထည့်ထားသောဆန်ပြုတ်တစ်ပွဲကိုယူလာသည်။ဆန်ပြုတ်အနံ့လေးကတထောင်းထောင်းနှင့်သောက်ချင်စဖွယ်။
ကောင်းကင်လင်းကတော့မမူနိုင်တော့ဘဲဇွန်းနှင့်တစ်ဇွန်းမြည်းကြည့်လိုက်သည်။
"ကောင်းလိုက်တာ!"ကောင်းကင်လင်းနှုတ်ခမ်းကိုလျှာဖြင့်သပ်ရင်းပြောလိုက်သည်။
ကောင်းကင်လင်းတစ်ယောက်မမောနိုင်မပန်းနိုင်စားနေသည်ကိုကြည့်ပြီးလရောင်တစ်ယောက်အံ့သြနေမိသည်။
ကောင်းကင်လင်းစားသည်ကိုပက်အတန်ကြာငှေးကြည့်မိနေသည်။နောက်ဆုံးကောင်းကင်လင်းတစ်ပန်းကန်လုံးကိုမော့ချလိုက်တော့သည်။သူ့နဖူးမှာလည်းချွေးတွေစို့နေပုံထောက်တော့နေကောင်းပျောက်သွားပုံပဲဟုလရောင်ခန့်သိလိုက်သည်။
ကောင်းကင်လင်းကတော့သူ့ကိုတမေ့တမော့စိုက်ကြည့်နေသောလရောင်ခန့်ကိုမျက်မှောင်ကြုတ်ရင်းကြည့်မိသည်။လရောင်ခန့်ကတော့ကောင်းကင်လင်းသူ့ကိုပြန်ကြည့်လိုက်မှသတိဝင်ပြီးအကြည့်လွှဲလိုက်တော့သည်။
"ပြီးရင်းသွားတော့မယ်။ဆေးသောက်ဖို့မမေ့နဲ့ဉီး"
လရောင်ခန့်ပန်းကန်တွေကိုယူပြီးအခန်းအပြင်ထွက်သွားတော့သည်။ဘာမှန်းမသိကြောင်ကြည့်နေသူကတော့ကောင်းကင်လင်း။
လရောင်ခန့်သူ့ကိုကြည့်တဲ့အကြည့်တွေကထူးဆန်းနေသည်ကိုသူသတိထားမိသည်။ယောက်ျားတစ်ယောက်ကအခြားယောက်ျားလေးတစ်ယောက်ကိုတည့်ကြီးစိုက်ကြည့်တာမကောင်းဘူးလို့ကောင်းကင်လင်းယူဆသည်။
"Aww။စာအုပ်စာအုပ်"သူရည်ရွတ်မိသည်။
စာအုပ်ဆိုသည်မှာကောင်းကင်လင်းကလရောင်ခန့်ကိုပေးသောnicknameတစ်ခုပင်။ကောင်းကင်လင်းတို့ကတော့ရောက်တာဖြင့်၁ရက်ရှိသေးသည်။သူများတွေကိုနာမည်တွေပေးပြီးနေပြီဖြစ်သည်။
စာအုပ်တဲ့။
ကောင်းကင်လင်းကျိတ်ရယ်မိသည်။ကောင်းကင်လင်းပြောလည်း​ပြောချင်စရာပင်။လရောင်ခန့်ကပထမရက်ကတည်းကစာအုပ်ကြီးအတိုင်းလုပ်နေသည်ဟုသူထင်မိသည်။
ထိုစဉ်အခန်းအပြင်ဘက်က
"ဟေ့ကောင်ငါ့ဆန်ပြုတ်ဖိုးပိုက်ဆံ၁၅၀၀ပြန်ပေးဉီးနော်"လရောင်ခန့်ပြောသည်ကိုပင်ကောင်းကင်လင်းမကြားချင်ယောင်ဆောင်နေလိုက်သည်။
လရောင်ခန့်ရင်ထဲကတော့စီးပွားရေးဖြစ်နေသည်။သို့သော်သူမစဉ်းစားမိသည်ကသူဘာဖြစ်လို့သူကြည့်မရသောသူကိုဂရုစိုက်စောင့်ရှောက်ပေးနေသည်လဲ။
တကယ်ဆိုကောင်းကင်လင်းဆိုသောကောင်လေးကိုသူစတွေ့ကတည်းကအမြင်မကြည်ခဲ့။
ဒါပေမယ့်~~~~
သူရင်ခုန်သံတြွေမန်နေသည်။နှလုံးခုန်သံကကျယ်လောင်စွာမြည်နေသည်။
သူအတွက်တော့ဒါကပထမဆုံးပဲလား။
ထားလိုပ်တော့။ကိုယ့်အခန်းဖော်တစ်ယောက်နေမကောင်းတာပိုပြုစုပေးတာလုပ်ထိုက်လို့ပဲ။ရင်ခုန်စရာမှမလိုတာ ဟုကိုယ်တိုင်နှစ်သိမ့်လိုက်တော့သည်။
ကောင်းကင်လင်းပတော့ဘာမှမဖြစ်နေ။
မတည့်အတူနေရမည့်သူတို့တွေကဘယ်လိုဆက်နေရမှာလဲ?
အချိန်တွေကတော့ရက်မှသည်လ~~~~
                              လမှသည်နှစ်တွေဆီသို့~~~
လရောင်ခန့်တို့ခင်မင်လာတာတစ်နှစ်ကျော်ခဲ့ပြီ။အရင်လိုရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲ။တစ်ခုရှိတာကတော့လရောင်ခန့်။အချစ်ဆိုတာဘာမှန်းအခုထိမသိသေးတဲ့၁၉နှစ်သားလူငယ်လေးတစ်ယောက်။
သူတစ်ခုသတိထားမိသည်ကကောင်းကင်လင်း။ကောင်းကင်လင်းကိုသူမြင်တိုင်းရင်တွေခုန်မိသည်။သူနှင့်ကလည်းအတန်းချိန်ပြီးမှတိုက်ခန်းပြန်မှတွေ့ရပြန်သည်။လရောင်ခန့်သူ့ကိုချစ်နေမိပြီလား~~~~~ချစ်သည်ဆိုသောစကားကိုပင်သူနားမလည်သေးပါ။။

IF I Love Him{သူ့ကိုချစ်မိလျှင်}  (Z& U)Where stories live. Discover now