If I Love Him Episode(13)

1.5K 83 10
                                    

"အဲတုန်းက ငါက အခုငါမှမဟုတ်တော့တာ"

တွေးမိတွေးရာ အဖြေကိုဆွဲပြောလိုက်သော လရောင်ခန့်မှာ မျက်နှာငယ်လေးနှင့်...

ကောင်းကင်လင်းကလည်း မျက်နှာလေးကို           တစိမ့်စိမ့်ကြည့်နေသည်....

ဖြစ်တည်မှုတွေရဲ့အစက မည်သူနည်းဟုပြောရမည်ဆိုလျှင် လရောင်ခန့်ရဲ့ ဖြစ်တည်မှုက ကောင်းကင်လင်း...

ကောင်းကင်လင်းက ဘေးနားကဆိုဖာပေါ်တွင်လဲအိပ်လိုက်သည်...

မီးပိတ်ပြီးအတော်ကြာသည်အထိ သူအိပ်မပျော်သလို လရောင်ခန့်ကလည်းအိပ်ပျော်မည်မဟုတ်ဆိုတာသူသိသည်.....

ရာဇသံမိုးတို့ကလည်း အရှိန်အဟုန်ဖြင့်ရွာသွန်းနေကြသည်.....

"လရောင် မင်းမအိပ်သေးဘူးလား "

ကောင်းကင်လင်းက လရောင်ခန့်ရှိရာခေါင်းရင်းဘက်ကို လှည့်ကြည့်ပြီးပြောလိုက်သည်။

"အင်း"

ဟူသောအသံတစ်ခုကိုတော့ မိုးရေသံတွေကြားမှာသူပီပီပြင်ပြင်ကြားလိုက်ရပါသည်...
မကြာပါ...

မသိစိတ်၏လုပ်ဆောင်မှုကြောင့်လားမသိ....
နှလုံးသား၏စေခိုင်းချက်ကြောင့်လားမသိ

ကောင်းကင်လင်းခန္ဓာကိုယ်က အလိုလိုနေရင်း လရောင်ခန့်ခုတင်ပေါ်ရောက်သွားသည်..

"ဘာလာလုပ်တာလဲ"

လရောင်ခန့်က နှာခေါင်းကိုရှုံ့ရင်းပြောလိုက်သည်..

မင်းအိပ်မပျော်ဘူးဆိုလို့အိပ်ပျော်အောင် မင်းဘေးအတူတူနေပေးမလို့လေ...
စကားလေးတစ်ခွန်းတည်းနှင့်တင်သေလောက်ပါသည်...

သို့သော်သူပြောသည့်စကားက ရိုးသားမှုသက်သက်သာ.....

ကောင်းကင်လင်းက မျက်နှာကျက်ကို စိုက်ကြည့်နေပြီး လရောင်ခန့်ကတော့ နံရံဘက်ကိုမျက်နှာမူထားသည်....

"လရောင်....မင်းငယ်ကတည်းကနေအခုထိရည်းစားရှိဘူးလား"

မျက်လုံးလေးများမှိတ်ကာအိပ်ရန်တာစူနေသောသူက ကောင်းကင်လင်း၏မထင်မှတ်ထားသောစကားကြောင့် ပြန်လည်နိုးထလာသည်..

IF I Love Him{သူ့ကိုချစ်မိလျှင်}  (Z& U)Where stories live. Discover now