If I Love Him Episode (9)

1.6K 97 22
                                    

လမ်းတစ်လျှောက်လုံးလည်း အဖြူရောင်သွယ်လျလျ လက်လေးကိုပဲ          ကောင်းကင်လင်းဆုပ်ကိုင်ထားမိသည်....
   စာအုပ်.....
အခုတော့ လရောင်ခန့်ကရေထဲကျသွားသောစာအုပ်လေးပမာ.....

နွမ်းနယ်နေသောသူ....
        အဖြူရောင်အင်္ကျီလေးကိုသွေးတွေချင်းချင်းနီရဲနေပါ၏.....

ချစ်ရသူ၏လက်လေးတစ်ဖက်ကိုကိုင်ပြီးပူဆွေးနေရတာ ဘယ်လောက်တောင်ခံရခက်ပါလိမ့်....

    သူမနေ့ကတွေ့လိုက်သောကောင်လေးက အခုလိုမဟုတ်ဘူးလေ...

ဖြူဖွေးပြီးမီးကြွေတိုက်ထားသော အင်္ကျီလေးကို၀တ်ဆင်ထားခဲ့သည်လေ....
အခုတော့ .....

      ကြက်ခြေနီအဖွဲ့က ရှေးဉီးသူနာပြုနည်းများဖြင့်အရေးပေါ်ပြုစုနေသည့်ကြားမှပင် လရောင်ခန့်၏သွေးများဖြင့်စွန်းထင်းကာ စေးကပ်နေသည့်လက်သေးသေးလေးကိုသူဆုပ်ကိုင်ထားမိပါ၏....

မျက်၀န်းတစ်စုံမှလည်း ပူနွေးနွေး အရည်တွေကစီးကျနေ၏....

       ထိုအရာတွေကိုတောင်သုတ်ဖို့သူ့လက်မအား....သူလက်နှစ်ဖက်လုံးက လရောင်ခန့်ဆီမှာလေ...

မန္တလေး ရှိ အဆင့်မြင့်ဆေးခန်းတစ်ခုဆီသို့ သူ့ကိုခေါ်သွားတော့သည်....

Operation room အပြင်ဘက်တွင်တော့ ကောင်လေးတစ်ယောက်နှင့် မိန်းမကြီးတစ်ယောက်ကအပူဆွေးဆုံးဖြစ်ပါလိမ့်မည်။...

သူတို့ကလဘယ်သူတွေမှန်းပြောနေစရာမလို....
သေချာပေါက် ကောင်းကင်လင်းနှင့် လရောင်ခန့်၏မိခင် ဒေါ်နန်းဝေလွင်....

ကောင်းကင်လင်း၏မိဘများရော..ရောက်နေကြသည်...
သူတို့ကတော့ ကောင်းကင်လင်းလောက်စိတ်မပူကြ..
ကောင်းကင်လင်းကတော့ မှတ်မိသမျှဘုရားစာတွေအကုန်ရွတ်ဆိုနေသည်...
၁နာရီ.....    ၂နာရီ..... ၃နာရီ....

အချိန်ကြာသည့်အတိုင် Operation romm မှမည်သည့်အသံမှမကြားရ....

Nurse တစ်ယောက်ထွက်လာတော့လည်း အခြေအနေကိုကောင်းကောင်းမသိရသောကြောင့် ကောင်းကင်လင်းအပါအဝင် အားလုံးက ပိုမိုစိုးရိမ်နေကြသည်....

အချိန်အနည်းငဟ်ကြာပြီးနောက်မှ ခွဲစိတ်ဆရာ၀န်ကြီးတစ်ယောက်ထွက်လာသည်...

IF I Love Him{သူ့ကိုချစ်မိလျှင်}  (Z& U)Where stories live. Discover now