If I Love Him Episode 14

3K 117 30
                                    

Unicode#

အခန်းဖော်သူငယ်ချင်းတစ်ယောက်လိုပဲသဘောထားတာလားဆိုသောစကားက ကောင်းကင်လင်းအတွက် ဟုတ်ပါသည်ဟု၀န်ခံရန်လည်းအခက်....
မဟုတ်ပါဘူးဟုလည်း၀န်ခံရန်အခက်ဖြစ်နေသည်..

သူကိုယ်တိုင်ကိုက တန်ဖိုးထားခဲ့သည်ကို...

အခန်းဖော်သူငယ်ချင်းဆိုလျှင်လည်း သူAccident ဖြစ်တုန်းက ဘယ်အခန်းဖော်သူငယ်ချင်းကမှ အရူးမီးဝိုင်းမဖြစ်ခဲ့ဘူးလေ...

သူတစ်ယောက်သာလျှင် လရောင်ခန့်ဆိုတဲ့ အခန်းဖော်လိုလိုဘာလိုလိုကောင်လေးကြောင့် ဖြစ်ခဲ့သည်...

ဒါမှမဟုတ်သူကပဲအကဲပိုနေခဲ့သည်လား...

ဟိုကိစ္စဖြစ်သွားပြီးကတည်းက လရောင်ခန့်က သူ့အပေါ်ကိုစိတ်ကိုမရှိတော့တာလားဆိုတာကိုတော့သူဝေခွဲမရခဲ့ပါ.....

အချစ်မှာပိုနေတာထက်လိုနေတာက များလျက်ရှိနေသည်ပေါ့....

ချစ်လှစွာသောသူလို့ဆိုရမည်လား....

ချစ်လှစွာသောအခန်းဖော်လို့ပြောရမည်လားသူမစဉ်းစားမဝေဖန်တတ်ခဲ့ပါ...

အကြောင်းကတော့ သူကိုယ်တိုင်ကပင် မဆုံးဖြတ်နိုင်ခဲ့လို့ပါ...

"အဲ့ဒီတုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကလေ..ငါ့ကိုအံ့သြသွားမိစေတယ်.."

လရောင်ခန့်က အသံက တိတ်ဆိတ်နေသောပတ်၀န်းကျင်ကိုဖြိုခွဲလိုက်သည်...

"ဘာလို့လဲ"

ကောင်းကင်လင်းက ​သိလိုစိတ်ဖြင့်မေးလိုက်သည်..သို့သော်ထိုအဖြေကိုသိရန်မေးစရာမလိုကြောင်းကောင်းကင်လင်းကိုယ်တိုင်သိပါသည်...

ထိုနေ့ကသူဘာကြောင့်ဒီလိုလုပ်ခဲ့သည်လဲဆိုတာသူကိုယ်တိုင်ပင်အဖြေမှရှာမရခဲ့တာ....
သိလျက်နှင့်မေးခဲ့သောသူ့မှာများ အပြစ် ရှိခဲ့လေမလား....

"ငါ၀န်ခံတယ် ...ငါမင်းအပေါ်ကိုစိတ်အချို့ရောက်ခဲ့တယ်ဆိုတာကို...ဒါပေမယ့် ယောက်ျားတစ်ယောက်ကို အလိုမတူပဲ အဲ့လိုငါမလုပ်ခဲ့ဘူး ငါကအဖမဲ့သားပေမယ့် စည်းကမ်းရှိတဲ့မိခင်ရဲ့အုပ်ထိန်းမှုအောက်မှာနေလာတာပါ...ငါအဲ့လိုမလုပ်ဘူးဆိုတာကိုတော့ မင်းမယုံတာ အံ့သြတယ်"

You've reached the end of published parts.

⏰ Last updated: Aug 31, 2020 ⏰

Add this story to your Library to get notified about new parts!

IF I Love Him{သူ့ကိုချစ်မိလျှင်}  (Z& U)Where stories live. Discover now