If I Love Him Episode (8)

1.8K 95 13
                                    

Unicode#

ကောင်းကင်တစ်ခွင်က မှိုင်းညို့နေသည်.....
          မိုးစက်မှုန်လေးများကလည်းတဖွဲဖွဲကျဆင်းနေသည်......

  ကားသမားများမှာလည်း ကားလမ်းမချော်အောင်သတိထားမောင်းနေရသည်.....

         "ကျွီ !!"ဆိုသော ဘရိတ် ဆောင့်အုပ်သောအသံ.....

     မတားဆီးနိုင်သော ကားတစ်စင်း....

အမြင့်မှသည်အနိမ့်တစ်နေရာဆီသို့.....

ရှောင်လွဲမရသောကံကြမ္မာကြောင့် ရင်ကော့ခံရန် လရောင်ခန့် မျက်လုံးကိုစုံမှိတ်ထားလိုက်တော့သည်......

     မှိုင်းညို့ညို့ကောင်းကင်ကြီးနှင့် မဲမှောင်နေသော မြင်ကွင်းက လရောင်ခန့်ကို လှောင်နေသယောင်.....
သူ့မှာ အတွယ်အတာဆိုတာရှိသေးရဲ့လား.....

         ချစ်ရတဲ့သူရဲ့ အထင်မှားခြင်းလည်းခံရတယ်.....

        အဘက်ဘက်က ပြည့်စုံနေပေမယ့်    တစ်ခုသောကံတရားကြောင့်.......

နောက်နေ့ နေ့လည်ပိုင်း......

         ကောင်းကင်လင်းကတော့စာမေးပွဲပြီးတော့ပေါ့ပေါ့ပါးပါးနှင့်စာဖြေခန်းမှထွက်လာခဲ့သည်......

"Ring! Ring! Ring! "

              ဖုန်းမြည်သံကြောင့် သူဖုန်းကိုကြည့်လိုက်တော့ သူ့အဖေရဲ့ဖုန်းမို့ကောင်းကင်လင်းကိုင်လိုက်သည်....
တစ်ဖက်မှဘာမှဆက်မပြောခင်မှာပင်.....

  "ဖေဖေ သားအခုစာမေးပွဲပြီးတာ မနက်ဖြန်မနက်မှ ရန်ကုန်လာခဲ့တော့မယ်.....ဒါမှမဟုတ်ပုဂံပဲလာရမလား....."

ကောင်းကင်လင်းအောင်မြင်သူတစ်ယောက်အပြုံးလိုပြောလိုက်သည်.....

"နေဉီးသားရဲ့....."

အဖေဖြစ်သူဟန့်တားစကားကြောင့်ကောင်းကင်လင်းကြောင်သွားရသည်.....

"ဘာဖြစ်လို့လဲ အဖေရ....."

"မနေ့ညက လရောင်ခန့် အမေဖုန်းဆက်လာတယ်....လရောင်ခန့်တောင်ကြီးကိုပြန်ရင်း Acccident ဖြစ်လို့တဲ့.....အဲ့တာ ကယ်ဆယ်ရေးတွေရှာနေတာ သူ့ကိုမတွေ့ကြသေးဘူးတဲ့"

"ဗျာ"

ဟူသောအာမေဋိတ်သံအဆုံးတွင် ဖုန်းပါလက်ကမမြဲနိုင်အောင် လွတ်ကျသွားရသည်....

IF I Love Him{သူ့ကိုချစ်မိလျှင်}  (Z& U)Where stories live. Discover now